part19

794 104 37
                                    

"အန်ကယ်လေး"
"ဟော သားဂျင် ဝင်လာခဲ့လေ အဲ့မှာရပ်မနေနဲ့"
"ဟုတ်ကဲ့ပါအန်ကယ်"
"ဆိုပါအုံး အန်ကယ်အလုပ်ခန်းထဲထိမလာစဖူးအလာထူးရတဲ့အကြောင်းလေး"
"ဟို  ဟို ကူးငယ်အကြောင်းလေးများသိလို့ရမလားလို့ပါ ဟို အဆက်အသွယ်လဲမရတော့ ဂျင် စိတ်ပူလို့ပါ"
"ဟေ သားဂျင်နဲ့အဆက်အသွယ်မရဘူးလား သူက သားကိုပြောပြီးပြီထင်တာ အဲ့ကောင်ငကု ဘာတွေလုပ်နေလဲမသိပါဘူး"
"........"
"သူက စာတွေနဲ့အရမ်းရှုပ်နေလို့ ဖုန်းသိပ်မကိုင်တော့ဘူးတဲ့ သူ့ဘက်ကပဲအရင်ဆက်သွယ်ပါ့မယ် စိတ်မပူကြနဲ့တဲ့ အဲ့လိုတော့ပြောသွားတယ်"
"အော် ဟုတ်ကဲ့ပါ "
"သားငယ်ကဂျင့်ကို ဖုန်းမဆက်ခဲ့ဘူးထင်တယ်"
"ကူးငယ်တကယ်မအားလို့ဖုန်းဆက်ဖို့မေ့သွားခဲ့တာဖြစ်မှာပါ အခုဟာကလဲ အန်ကယ်တို့ကပြောပြမယ်ထင်လို့သူလဲမဆက်ဖြစ်တာနေမှာပါ"
"အေးကွယ် သားကအကြီးဆိုတော့နားလည်ပေးလိုက်ပေါ့"
"ဟုတ်ကဲ့ဒါဆို ဂျင်အလုပ်သွားတော့မယ်နော်အန်ကယ်လေး"
"အေးအေးဂရုစိုက်သွားအန်ကယ်ကတော့ဒီနေ့အိမ်ကပဲအလုပ်လုပ်တော့မယ်"
"ဟုတ်ကဲ့အန်ကယ်"

"ဟယ် သားဂျင်အလုက်သွားတော့မလို့လား တစ်ခုခုစားသွားအုံး​ေလ"
"ရပါတယ်တီလေး ဂျင်မစားတော့ပါဘူး အလုပ်ရောက်မှပဲစားပါတော့မယ်"
"အင်းပါ"
"မေမေ နဲ့တီလေး ဒါဆို သားသွားတော့မယ်နော်"
"အေးအေး"

📞📞📞📞📞
"Hello ဂျင်စကားပြောနေပါတယ် ဘယ်သူလဲမသိဘူးခင်ဗျ"
"ဟက် တို့ပါ"
"ဟင် ဂျီမင်"
"တို့အသံကိုမှတ်မိတာပဲ"
".........."
"တို့အခုမင်းကိုပြောစရာရှိလို့ဖုန်းဆက်လိုက်တာပါ"
"ဟုတ်ပြောပါ"
"အော် ဘာရယ်တော့မဟုတ်ပါဘူး အခုကိုကိုကအရင်ဖုန်းကဒ်မဟုတ်တော့ဘူး မင်းအသဲအသန်လိုက်ဆက်သွယ်နေမှာဆိုးလို့ တို့က မင်းအလုပ်မရှုပ်အောင်လာပြောတာ"
".........."
"ကိုကိုက တို့နဲ့စေ့စပ်ထားတဲ့လူ မင်းလက်လျှော့သင့်ပြီ ကင်မ်ဆော့ဂျင်"
"ကူးငယ်ကိုပူလောင်မှုတွေနဲ့မချစ်ခဲ့လို့ လုဖို့မတွေးခဲ့တဲ့အတွက် လက်လျော့လိုက်တော့ဆိုတဲ့စကားပြောစရာမလိုပါဘူး"
"ပူလောင်မှုတွေနဲ့ဖြစ်ဖြစ် အေးချမ်းမှုတွေနဲ့ပဲ့ဖြစ်ဖြစ် မင်းလို့အဆင့်အတန်းကအစကတည်းက ကိုကို ကိုမချစ်ခဲ့သင့်တာ"
"........."
"မင်းလိုလူကိုယူရင် ကိုကိုက ပတ်ဝန်းကျင်ရဲ့စထွေးခွက်ထဲ​မျောနေမှာ ငါဆိုတာက ငွေရှိတဲ့သူမလို အဲ့ပါးစပ်ပေါက်တွေကို ငွေနဲ့ပိတ်နိုင်တယ်"
"........."
"မင်းကတော့မတူဘူးလေ ဘာလို့ဆိုမင်းက အိမ်ဖော်မ တစ်ယောက်ရဲ့"
"တော်တော့ဂျီမင်ရှီ သည်းခံနေတိုင်းကောင်းတယ်ထင်မနေနဲ့ ငါ့အဆင့်ငါသိတာမလို့ မင်းပြောပြနေစရာအကြောင်းမရှိဘူး စိတ်ချ မင်းရဲ့ကိုကို ကိုငါလုမှာမဟုတ်ဘူး"
"အင်းကောင်းတာပေါ့ ကိုကိုကလဲ မင်းနဲ့ပတ်သက်​ပြီးငါစိတ်ရှုပ်မှန်းသိလို့ မင်းနဲ့မဆက်သွယ်ချင်လို့ဖုန်းကဒ်တောင်ပြောင်းထားတာ ဟက် ဒါပဲ bye bye ဆော့ဂျင်"
တီ......
😢😢😢လုပ်ရက်လိုက်တာ ကူးငယ်ရယ် ငါ့အသံကိုမကြားချင် ငါ့ရုပ်ကိုမမြင်ချင်အောင်ထိ မင်းတို့နှစ်ယောက်ကြားမှာ ငါကအရှုပ်ထုပ်ဖြစ်နေခဲ့တာလားတောင်းပန်ပါတယ်ကူးပေါက်လေးရယ်.........
"ကူးငယ်ရယ် မင်းမသိအောင်တိတ်တိတ်လေးချစ်တာတောင် ငါ့မှာ အေးအေးချမ်းချမ်းချစ်ခွင့်မရှိမဘူး ငါကလေ မင်းကိုသိပ်ချစ်နေတဲ့စိတ်ကို ဖြတ်တောက်ပြစ်လိုက်ချင်ပြီ ဒီလိုမှမရရင် လောကကြီးထဲက ထွက်သွားချင်ပြီ 😢😢😢 ငါက လူတွေအတွက်အနှောက်ယှက်ဖြစ်တာမသိခဲ့ဘူး မေမေခံစားရအောင်လဲလုပ်မိတယ် ကူးငယ်စိတ်ညစ်အောင်လဲလုပ်မိတယ် ဂျီမင် စိတ်ရှုပ်အောင်လဲလုပ်ခဲ့မိတာပဲ အချစ်ခံရတဲ့နှလုံးသားကျတော့ပြုံးကြပျော်ကြနဲ့ ချစ်ပေးရတဲ့နှလုံးသားကျတော့လဲ ပြိုလို့လဲလို့ နာကျင်လို့ ပြောတော့ မေတ္တာကအလျားအနံမရှိပေမဲ့အသွားအပြန်ရှိတယ်တဲ့ အခုတော့ဒီလောက်ချစ်ပေးမေတ္တာပေးနေတာကို တန်ပြန်သက်ရောက်မှုက မညီမျှလိုက်တာ ခံစားလိုက်ရတာရင်နဲ့မဆံ့အောင်ပဲ"
"ဘာလို့ကိုကိုယ့်ကိုအဲ့လိုထင်နေရတာလဲ ဂျင်"
"hobi မင်းဘယ်တုန်းကရောက်နေတာလဲ"
"မင်းဖုန်းစပြောကတည်းကပဲ ဟို ငါခိုးနားထောင်တာမဟုတ်ပါဘူး ဒီအတိုင်းပဲ"
"အင်း"
"မင်းဘာဆက်လုပ်မှာလဲ အဲ့လူကိုဆက်ချစ်နေမှာလား မေ့ပြစ်ပြီး မင်းကိုဂရုစိုက်တဲ့လူတွေအတွက်ပျော်ရွှင်စွာဖြတ်သန်းသွားမလား"
"ငါ......ငါ....ငါလမ်းပျောက်နေတယ်Hobi"
"အင်းအခုချက်ချင်းကြီးတော့အဲ့လိုပေါ့ အချိန်ယူလိုက်ရင် မင်းအကောင်းဆုံးအဖြေကိုစဥ်းစားမိသွားမှာ"

L.O.V.EOnde as histórias ganham vida. Descobre agora