part27

981 107 40
                                    

"ဘာတဲ့ မောင်တဲ့"
"ကူးငယ်!!!"
"အခုမှလူကိုအော်မနေပါနဲ့ ပွဲထဲမှာတုန်းကကျ သူ့အပိုင်လိုလိုနဲ့ လူကိုခေါ်သွား ဒါမှမဟုတ် ငါ့အပေါ်ခံစားချက်ရှိလား"
"အဲ့ဒါကဂျင်မေးရမှာ"
"ငါကတော့ ကလေးတွေကြောင့် မင်းနဲ့အလိုက်အထိုက်အဆင်ပြေအောင်နေဖို့ဆုံးဖြတ်ပြီးသားပါ"
"ကလေးတွေကြောင့် ကူးငယ်စိတ်ပင်ပန်းတာမျိုးမလုပ်ပါနဲ့ အခုဆို သူတို့ဒယ်ဒီရှိတာသိသွားပြီဆိုတော့ သူတို့ဒယ်ဒီနဲ့ပတ်သက်တဲ့တာဝန်ကကျေပြီ အဲ့တော့ ဂျင်တို့သားအဖသုံးယောက်အရင်လိုနေရာမှာပဲအေးအေးချမ်းချမ်းနေလို့ရပြီ "
"ေသြာ် မင်းတာဝန်ကျကျေပြီး ငါကျကလေးတွေစိတ်ထဲမကောင်းတဲ့လူလို့သတ်မှတ်ခိုင်းတာလား"
"ဂျင့်သားတွေကဂျင်နဲ့တူတယ် သူတစ်ပါးကိုအကောင်းမြင်စိတ်ရှိတယ် "
"မနက်ကကျ ငါနဲ့တူတာဆို"
"တော်ပြီကူးငယ်နဲ့မပြောတော့ဘူး သားသားတို့လာရင် ယောင်းငယ်ကွန်ဒိုပဲပြန်မယ် ဒီမှာမနေဘူး"
"ငါကတော့ငါသားတွေရှိတဲ့နေရာလိုက်ရမှာပဲ မင်းသွားချင်တဲ့နေရာသွား အဲ့လိုမှမလိုက်စေချင်ရင် မင်းတစ်ယောက်ထဲသွား"
"ကူးငယ် !သက်သက်မဲ့ဂျင့်ကိုစိတ်အနှောက်အယှက်ပေးတာပဲ"
"ငါပေးတာကနည်းနည်းပဲရှိပါသေးတယ် သုံးနှစ်ကျော်အဆက်အသွယ်ဖြတ်ပြီး လူကိုစုံစမ်းလို့မရအောင် ဒီကောင့်ရင်ထဲပူလောင်အောင်လုပ်တာဘယ်သူလဲ"
"ကူးငယ်အရင်အဆက်အသွယ်ဖြတ်တာလေ"
"ငါအဆက်အသွယ်ဖြတ်တာက ခဏပဲနောက်ပိုင်းဖုန်းတွေပြန်ခေါ်ထားတာလဲ​ကြည့်အုံး အကျင့်မကောင်းတဲ့သူတွေသာ ဒီကလူကိုရူးသွားအောင်လုပ်တာ နောက်ပြီးတစ်ယောက်ထဲမဟုတ်ဘူးပေါ်လာတော့ ပေါက်စနှစ်ယောက်နဲ့ မြင်မြင်ချင်းဘယ်လောက်တောင်ဒီကောင် ဘယ်လောက်တောင် ရူးချင်စိတ်ပေါက်သွားလဲသိရဲ့လား "
"............."
"အဲ့ဒီအရင်နေရာပဲပြန်သွားမယ်ဆိုတဲ့စကားသိပ်ပြောမနေနဲ့ အရင်လိုမဟုတ်ဘူး အခုက ကလေးနှစ်ယောက်အဖေဖြစ်နေပြီ စဥ်းစားဆင်ကျင်အုံးငါ့သားတွေကို ဖြစ်ကတက်ဆန်းနေရာမှာလဲထားဖို့တွေးမနေနဲ့ "
".........."
"ကြာတော့သားတွေကလဲသူတို့ပါးပါးအတိုင်းပဲနေမှာပါ တွေ့ကတည်းကမေးပါတယ် သားတို့နာမည်အပြည့်အစုံကဘာလဲလို့ဖြေပါတယ် ian နဲ့Janပဲတဲ့ ကလေးတွေပါ မဟုတ်တာသင်ထားတယ်"
".........."
"ပြော အခု အဲ့ကလေးတွေနာမည်"
"မသိဘူး"
"ပြောကွာ ငါစိတ်တိုအောင်မလုပ်နဲ့"
" Kim Seok Ian/ Kim Seok Jan"
"သေချာတယ်လား"
"အင်း"
"ငါ့နာမည်တောင်မပါဘူးပေါ့ မင်းမျိုးရိုးနဲ့ပေါ့"
"........"
"ထားပါ နာမည်ကအရေးမကြီးဘူး "
"............"
"ငါစကားပြောနေတယ်လေ ဘယ်ထသွားတာလဲ"
"ကူးငယ်ပဲအရေးမကြီးတော့ဘူးဆို သားသားတို့ပြန်မလာခင် ရေချိုးမလို့"
"ငါလိုက်ချိုးပေးမယ်"
"ဘာ!!!!!"
"ရေချိုးခန်းလိုက်ပြရမလားမေးတာ"
"မလိုဘူး"

L.O.V.EWhere stories live. Discover now