Part-2

1.6K 67 5
                                    

အပိုင်း-၂

ဒယ်ဒီခေါ်တယ်ဆိုလို့မောင်နှမ ၄ယောက်ဆင်းလာကြသည်။

"ကဲအသဲစပြော ဒယ်ဒီ့ဆီကယူတဲ့ပိုက်ဆံကဘာလုပ်ဖို့လဲ  မားမီကစိတ်ပူလို့တဲ့"

"ဟိုဟာ လေ  မားမီ ဟီး နဲနဲပါးပါး ပွဲလေးရှိလို့ပါ"

"အသဲ သမီးကမိန်းခလေးအလောင်းစားမလုပ်ရဘူးသမီးနာမည်ပျက်မယ်"

"ဟုကဲ့ခုဟာကလဲ သမီးမားမီစကားနားထောင်ပီး အလောင်းစားမလုပ်ဖူးပြောတော့ သမီးကရှုံသွား
တယ်လေ အာ့ကြောင့်ရော်ရတော့ ဒယ်ဒီ့ဆီကတောင်းတာဟီးဟီး ချစ်မားမား မဆူနဲ့တော့နော်"

"မဟုတ်ဖူးမားမီ အသဲမကဆူဇန့် တို့သင်တန်းက
နာမည်ကြီးကောင်လေးကို ရအောင်လိုက်ပြမယ်ဆိုပီးအလောင်းအစားလုပ်တာ အသက်တားတာလဲမရဘူး ခုကျတော့ ဟိုကကောင်မလေးလဲရှိတယ် အဲ့ကောင်မလေးကသူ့ငိုပီးလာတောင်းပန်လို့ သူနောက်ဆုတ်ပီး အရှုံခံလိုက်တာ"

"အမလေး ကြားလို့မှကောင်းသလား။ ဦးဘုန်းလက်
ရုန်းကြားတယ်နော်ရှင့်သမီးလုပ်ရပ် ကို အသဲ မာမီဘယ်နှစ်ခါပြောရမလဲ တချိန်သမီးချစ်တဲ့သူရရင် အခုသမီးလုပ်ရပ်တွေက သမီးချစ်သူအသိုင်းအဝိုင်းက လက်ညိုးထိုးစရာဖြစ်မယ်  မာမီတို့ကသမီးကို
ယောက်ခမနဲ့အသိုင်းအဝိုင်းကြားထဲခေါင်းမော့
ရင်ကော့ပီးဝင်လို့ရအောင် ပညာသင်ပေးတယ် ပြည့်စုံအောင်ထားတယ် မာမီတို့ဘယ်လောက်လုပ်လုပ် အသဲကဒီလိုလုပ်နေရင်တော့ မာမီစိတ်ညစ်တယ်နော်"

"အသဲ မာမီ ကိုစိတ်ညစ်အောင် မလုပ်ပါဘူးပြော
လိုက်လေ ငါ့မိန်းမ နေမကောင်းဖြစ်ရင် မင်းတို့မောင်နှမ၄ယောက်လုံး မုန့်ဖို့ဖြတ်ပီမှတ် နွယ်လေး
စိတ်လျော့နော် သမီးတွေကို ကိုယ်ပြောပါ့မယ်"

"ကိုကြီး ကအဲ့လိုရှေ့က ကာလို့ကိုကြီးသမီးတွေဆိုးနေတာနွယ့်သားတွေဆိုလိမ်မာတယ် ပီးတော့အသက် ညီး မခင်သန်းကို ဘာတွေမြှောက်ပေးလိုက်တာလဲဟင် ဟိုဘက်ခြံက ခြံစောင့်အဘိုးကြီးနဲ့ခိုးရာလိုက်သွားပီတဲ့"

"မားမီကလဲ အသက်ကို အန်တီသန်းကရင်လာဖွင့်တော့ အသက်ကလဲ အချစ်စစ်အချစ်မှန်ရင်လိုက်သွားလို့ပြော"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now