Part-11

1.2K 55 4
                                    

အပိုင်း-၁၁

ကိုကိုနဲ့ဆင်တူဝယ်ထားတဲ့ IPHONE နဲ့ IWATCH ကို ပုံရိုက်ကာ group chatမှာ တင်လိုက်တော့ ဆိုဖီနဲ့နာနာက အော်ကြသည်။vcallခေါ်လာလို့ကိုင်တော့

"အသက်မ နင် လင်ရတာလား sugar daddyရတာလား"

"၂ခုလုံးခိခိ"

"ကြွားပိုမ ဟဲ့နင်လက်မှတ်ထိုးဝတ်တဲ့ဝတ်စုံလေးလှ
တယ် ဘုန်းသန့် ရွေးတာလား"

"အွန်း"

"ကမ လင်ဂုဏ်မောက်ပီးစကားမပြောဘူးကြည့်စမ်း"

"ဆိုဖီနဲ့နာနာ ငါ့ဘေဘီ ကိုမနိုင်စားနဲ့နော် "

"ဘေဘီ " "ဘေဘီ "

ဆိုဖီနဲ့နာနာအသံပြိုင်ထွက်လာကာ

"အသက်က လေးဘက်တွားလား နင်က ဘေဘီခေါ်ရအောင်"

"အေးလေနင်နဲ့သူက၃နှစ်လောက်ကွာတာကို ဇွတ် sugar daddy styleလုပ်နေတာ ဗြဲ"

ဆိုပီးကိုကို့ ကိုဝိုင်းစကြသည်။

"ငါပြောသားပဲ လင်ကော sugar daddy ပါရတယ်ဆိုတာနင်တို့မှမယုံတာ ကိုကိုဝယ်ပေးတာတွေပြရင် နင်တို့သွေးတက်မယ်"

"နာနာ ကိုကိုဆိုတာဘယ်သူလဲ"

"အေးငါလဲမသိဘူး အသက်မကို ဘုန်းသန့်ညီနဲ့ ယူတယ်ထင်တာ လက်စသတ်တော့ သူက ကိုကိုနဲ့ယူတာကို
ဟား ဟား ဟား"

"အစုတ်ပလုတ်မတွေ  ကိုကို အသက်ကိုစနေကြတယ်"

"နာနာနဲ့ဆိုဖီ နင်တို့ငါ့မိန်းမကို ငိုအောင်မစနဲ့နော် ဘေဘီငိုရင် ငါနင်တို့နဲ့သူငယ်ချင်းခန်းဖြတ်ခိုင်းမှာ"

"အမလေး နာနာ ငါဆီးချိုတွေတက်နေပီ လင်မယား၂ယောက်အချိုတွေဝိုင်းကျွေးလို့"

"ဆိုဖီ ငါလဲတူတူပဲ မဖြစ်တော့ဘူး ဘဲရှာမှဖြစ်မယ်"

"တော်ပါကမတွေ ငါအကောင်းမေးမလို့"

"အေးပြော"

"ငါ့အိမ်အခြေနေ အသဲဘာပြောလဲ"

"Okတယ်ဆို အန်တီနွယ်ကသဘောတူတော့ဦးလဲ
ခေါင်းညိတ်တယ်ဆိုဟုတ်ဖူးလား

"အေးအသဲမကတော့အဲ့လိုပြောတယ် ငါကမဟုတ်မှာစိုးလို့"

"အဆင်ပြေမှာပါဟ ဘယ်တော့ပြန်လာမှာလဲ"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now