Part-24

1K 44 7
                                    

အပိုင်း-၂၄

အသက်တို့ မာမီတို့အိမ်မှာ breakfast စားပီး တော့ ကိုကို့အိမ်သို့ပြန်လာလိုက်သည်။ကိုကိုက နေ့လည်မှရုံးသွားမယ်ဆိုတာကြောင့် အသက်မှာပျော်ရွှင်နေသည်။ အိမ်ထဲဝင်တာနဲ့ကြီးကြီးက

"ဟော သားနဲ့သမီးတောင်ပြန်လာပီ breakfast ကောစားပီးပီလား"

"ဟုတ်ကြီးကြီး ကျွန်တော်တို့ဘေဘီ့အိမ်မှာစားခဲ့တယ်"

"သမီး အသက်လေး အိမ်မှာနေပါအံုး ကြီးကြီးတို့စကားလဲသေချာမပြောရဘူး"

"ဟုတ်ကဲ့ကြီးကြီး သမီးဒီနေ့အိမ်မှာရှိမှာပါ"

"ကျွန်တော်နေ့လည်မှရုံးသွားမှာ ကြီးကြီး ထမင်းစားသွားမယ်"

"အေးအေးသားရေ ပြင်ခိုင်းလိုက်မယ်"

ပြောပီး ကိုကိုက အသက်လက်ဆွဲကာအိမ်ပေါ်တက်လာလိုက်သည်။အခန်းထဲရောက်တော့

"ဘေဘီ ဘာလို့ နေမယ်ပြောတာလဲ ပြသနာဖြစ်မှာစိုးလို့ကို မနေရဘူးနော် မာမီတို့အိမ်ပို့ပေးခဲ့မယ်"

"ကိုကိုကလဲအဲ့လိုတသက်လံုးရှောင်နေလို့မှမရတာ အသက်ကိုယံုနော်"

"မဟုတ်ဘူး ကိုယ် ဘေဘီနဲ့ပြသနာမတက်ချင်ဘူး သူတို့ကြောင့်ကိုယ်တို့ကြားပြသနာအဖြစ်မခံနိုင်တာ"

"အင်းပါကိုကိုရယ် စိတ်မပူနဲ့နော်"

"ကြီးကြီးဘာပြောပြော ကိုကို့ကိုအကုန်ပြော စိတ်ထဲမထားရဘူးနော်"

"ဟုတ်ကဲ့ပါကိုကိုရဲ ပြွတ်"

အသက်ပြောပြောဆိုဆိုနဲ့ စိတ်ပူလွန်းတဲ့ ကိုကို့ပံုစံကိုချစ်ပီးအသဲယားလွန်းလို့ ပါးကိုနမ်းတော့

"ကဲဒါဆို ကိုကို့ relax timeရောက်ပီ ဘေဘီလာတော့"

"ကိုကို့"

အသက်အသံပျောက်သွားအောင်နမ်းလိုက်တဲ့ကိုကို့ကြောင့် အသက်စိတ်လျော့ကာ ကိုကိုခေါ်ဆောင်ရာ အချစ်ခရီးကိုစိတ်ပါလက်ပါစီးမျောရတော့သည်။

**************

ဒီနေ့ရုံးသွားဖို့ကိုအသဲမှာ ရင်တွေတုန်နေမိသည်။ဦးကညထဲကအစောကြီးလာခေါ်မယ်ဆိုလို့ အသက်တို့လင်မယားကိုတောင်နှုတ်မဆက်အားပဲ ဒယ်ဒီနဲ့မာမီကိုသာ နှုတ်ဆက်ပီးစောစောထွက်လာလိုက်သည်။ အသဲနေတယ် ညာပြောထားတဲ့ကွန်ဒိုရှေ့ရောက်တော့ဦးကားကိုတွေ့တာမို့ ကားကိုပါကင်မှာရပ်ကာ ကွန်ဒိုအပြင်ကရပ်ထားတဲ့ ဦးကားဆီသို့ပြေးထွက်လာလိုက်သည်။

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now