Part18

1.3K 58 5
                                    

အပိုင်း၁၈

ဘုန်းသန့် ကိုပြုံးကြည့်နေသည့် ဘေဘီ့ကို
ခုံအောက်ကနေ လက်ကလေးကို ကိုင်ကာ
ဖိညစ်လိုက်မှ
ဘေဘီက နှုတ်ခမ်းလေးကိုက်ပြကာ breakfast ဆက်စားနေသည်။ဘုန်းသန့်မှာသာ ကိုက်ပြသည့်
ဘေဘီ့နှုတ်ခမ်းလေးကို နမ်းချင်စိတ်တွေကို ထိန်းနေရသည်မို့ လူကမရိုးမရွဖြစ်နေကာ အစားပင် သေချာမစားနိုင်ဖြစ်ရသည်။

"သားဘုန်းသန့် သိပ်လဲမစားပါလား အစာလွန်သွားတာထင်တယ်"

ဘုန်းသန့်လဲဘေဘီ့မာမီ အပြောကိုအသာလေး
လိုက်ပြောရန်

"ဟုတ်မာမီ ဗိုက်ထဲနဲနဲတမျိုးကြီးဖြစ်နေလို့ပါ အစာကြေဆေး​သောက်ပီးခနလဲနေရင်သက်သာမှာပါ"

"အသက် မြန်မြန်စားပီးသားကို အပေါ်ခေါ်သွား
လိုက်လေ ဗိုက်ကိုလဲသေချာဆေးလိမ်းပေးလိုက်"

"ဟုတ်မာမီ လာကိုကို သွားရအောင်"

ဘုန်းသန့်မာမီ့ကို အားနာပေမဲ့ ကိုယ့်အကြောင်းနဲ့
ကိုယ်မို့ မျက်နှာလေးငယ်ကာ ဘေဘီ့နောက်က
လိုက်လာလိုက်သည်။အခန်းထဲရောက်တာနဲ့ lockချကာ ဘေဘီ့ကို နောက်ကနေပီးခါးလေးကို
ဖက်ကာ မျက်နှာချင်း
ဆိုင်ဖြစ်အောင် လှည့်လိုက်တော့

"ကိုကို တအားနေမကောင်းနေတာလား အဲ့တာဂိမ်းဆော့မက်လို့ သိ"

အသက်စကားပင်မဆံုးလိုက်ရပါ ကိုကိုက အသက်နှုတ်ခမ်းတွေကို အတင်းစုပ်ယူကာနမ်းတော့ အသက်လဲ ချစ်ရတဲ့ယောက်ကျား အလိုကျ
တုံ့ပြန်နမ်းပေးရတော့သည်။ကိုကိုက အသက်ကို ခါးထစ်ခွင်ပံုစံ ချီမကာ အိပ်ယာပေါ်ထိုင်ကာ
စိတ်ကြိုက်နမ်းတော့သည်။ နမ်းလို့ဝမှ ပြုံးစိစိနဲ့ အသက်ကို
ကြည့်ကာ

"ခုနေလို့နဲနဲကောင်းသွားပီ လံုးဝကောင်းစေချင်
ရင်တော့"

"ကိုကို့ ညကလဲ ကိုကို့စိတ်ကြိုက်နေပီးပီလေ ခုက
မနက်စောစော ကြီးကို မောင်လေးတွေနဲ့အသဲဝင်လာ
ရင်ရှက်စရာကြီး"

"အခု မရရင် ညကျရင်တော့ရနော်"

"ကိုကို ကလေ သူများတွေအမြင်မှာအသက်ကိုအရမ်းအလိုလိုက်တယ်ပေါ့ အိပ်ယာပေါ်ဆို အရမ်းဘိုကျအနိုင်ယူတာကိုကျ လူတွေကမမြင်ကျဘူး ဟွန့်"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now