Part-43

1.1K 56 6
                                    

အပိုင်း-၄၃

ဘုန်းသန့် စောင်ပံုထဲက ဘေဘီ့ကိုကြည့်ရင်းပြံုးမိသည်။တရက်တရက် အိပ်နေချိန်လေးပဲ  ပါးစပ်ကိုအနားပေးတဲ့ဘေဘီ့ကို ဘုန်းသန့်ချစ်မဝဖြစ်ရသည်။ဘေဘီ မနက်အိပ်ယာနိုးထဲကနေ ညအိပ်ယာဝင်သည် အထိ တောက်လျောက်တမျိုးပီးတမျိုး အမယ်မ
ထပ်အောင်စားသော ဘေဘီ့ကို ဘေဘီ့မာမီကတောင်

"အသက်ရယ် ညီးဟာကဟုတ်ကောဟုတ်သေးရဲ့လားအေ စားတာစားတာဆိုတာ တော်ကြာ အထဲကခလေး၂ယောက်က မတရားထွားလို့နေရခက်နေပါအံုးမယ်အေ"

"မားမီကလဲ သမီးစားတာမဟုတ်ဘူး အဲ့ခလေးလေးတွေစားတာ ဗိုက်ဆာတာမစားပဲနေရင်ရင်တုန်ပီးမူးလာတာ ဆရာဝန်ကစာတိုင်းစားတဲ့မားမီရဲ့"

ဆိုတာနေ့တိုင်းကြားနေရတဲ့ ဘေဘီရဲ့အသံပဲဖြစ်
ပါသည်။ညကဒယ်ဒီက သီးသန့်ခေါ်ကာ မားမီတုန်းကမီးဖွားပီးဖြစ်တဲ့ရောဂါမျိုး မဖြစ်ရအောင်ဂရုစိုက်ဖို့သေချာမှာတာမို့ ဘေဘီ့ကိုပိုလို့ဂရုစိုက်နေရသည်။

"ကိုကို့"

ဟော ကျွန်တော် အသဲခိုက်အောင်ချစ်ရတဲ့ခေါ်သံလေးကြားရပီဆို ဘေဘီနိုးလာပီမို့

"ဗျာ ကိုကို့ဘေဘီလေးက နိုးပီလား morning"

"Morning ကိုကို"

"Breakfast ဘာစားချင်လဲ မာမီကတော့ဒယ်ဒီစား
ချင်တယ်ဆိုလို့မြီးရှည်ချက်ထားတယ်တဲ့ "

"အမှန်ကလေ ဘေဘီက —ဟိုတယ်ကလေ ကိတ်မုန့်စားချင်တာ ခုကိုကိုကမြီးရှည်ဆိုတော့မြီးရှည်လဲစား
ချင်သွားပီ"

"အဲ့တော့ ကိုကိုက ကိတ်မှာထားလို့ ဘေဘီက၂ခုလံုးစားပါတယ်ပေါ့ မာမီ့ကိုအဲ့လိုပြောပေးရမှာမလား"

"အား ကိုကို ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေတာလဲ"

"ဘေဘီ့ကိုကိုမို့ပေါ့ လာထမျက်နှာသစ်ရအောင် ဘေဘီမျက်နှာသစ်တုန်း ကိုကိုကိတ်လာပို့ခိုင်းလိုက်
မယ်"

"ကိုကို အလုပ်နောက်ကျနေပီမလား"

"ရတယ် ဦးမောင်ရှိနေတာပဲ ဘေဘီကမှအရေးကြီးတာ ကိုကို့ဘေဘီနဲ့breakfast တူတူစားပီးမှရုံးသွားမယ်"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now