Part-45

1K 58 4
                                    

အပိုင်း-၄၅

ညအိပ်ယာဝင်တော့ အသဲက

"ဦး မသီရိမေနဲ့သိလား"

"သိတယ်ဆိုရုံပါ "

"မေမေနဲ့ဦးဘုန်း ကအဲ့အမကိုတွေ့တော့ မျက်နှာပျက်သွားတာ Baeသတိထားမိတယ်"

ထားလိုက်ပါဘာမှမဟုတ်ပါဘူး Baeရယ် ကိုယ့်ပဲ
စိတ်ဝင်စား တခြားလူတွေစိတ်မဝင်စားနဲ့"

"ဟုတ်ကဲ့ပါဦးရယ် ချစ်တယ် မွ"

"Baeနော် စပီးရင်တာဝန်ယူရမယ်"

"ယူချင်လို့စတာဆိုရင်ရော"

"လာထားကောင်မလေး"

မနက်အသဲနိုးတော့ ၇နာရီကျော်နေပီမို့ အသာလေးထကာ မေမေ့ကိုကူဖို့အောက်ထပ်ဆင်းခဲ့သည်။

"သမီးရယ် အိပ်တာမဟုတ်ဖူး သားကသူနိုးလို့အနားမှာမရှိရင်ပြောနေအံုးမယ်"

"ရပါတယ်မေမေရဲ့ပေးသမီးလုပ်မယ်"

"ကူခိုင်းလိုက်ပါ မအိမ်သူရယ် ချွေးမကိုဖူးဖူးမှုတ်မနေနဲ့ ကမ်းတက်မယ် အသဲ တီတီနဲ့ သီရိစားဖို့ မုန့်ဟင်းခါးလာပြင်ပေးစမ်း"

ဦးမေမေက

"ကဗျာ ကောင်မလေးတွေလုပ်ပေးလိမ့်မယ် အသဲကိုမခိုင်းနဲ့သားစေ ကြိုက်မှာမဟုတ်ဖူး"

"မမအိမ်သူကလဲ ဒါခိုင်းတာမဟုတ်ဖူး လုပ်တတ်
အောင်သင်ပေးတာ သူဌေးသမီးဆိုတော့ ဘာမှ
တတ်မှာမဟုတ်ဖူး"

"ဒါတော့ကဗျာမှားသွားပီ မမချွေးမက မီးဖိုချောင်
လဲနိုင်နင်းတယ် စီးပွါးရေးလဲလုပ်တတ်တဲ့
ပညာတတ်မိန်းမကောင်း သားစေက မကြိုက်လို့မီးဖိုချောင်မဝင်ရတာ သူတို့အိမ်မှာ ဆိုအိမ်အကူမရှိဘူး
ချက်ပြုတ်လျော်ဖွတ်အိမ်မှုကိတ်စနိုင်နင်းတယ် သူဌေးသမီးပေမဲ့အောက်သက်ကြေတယ်"

သီရိ အစကအန်တီကဗျာ့ စေ့ရဲ့မိန်းမကိုပြောလို့
ကျေနပ်နေပေမဲ့ စေ့မေမေက တမင်သီရိကိုစောင်းပြောတဲ့စကားကြောင့်ဒေါသထွက်မိသည်။

တည်စေမင်း ထမင်းစားခန်းအဝင်မှာ တီလေးကဗျာနဲ့မေမေပြောတာအကုန်ကြားတာမို့ မသိချင်
ယောင်ဆောင်ကာ ဝင်သွားပီး Baeကိုပုခံုးဖက်ကာ

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now