Part-3

1.3K 53 5
                                    

အပိုင်း-၃

သူမေးတာမဖြေလို့ နှုတ်ခမ်းလေးစူလာကာ စိတ်ဆိုးချင်နေတဲ့ အသက်ကိုကြည့်ရင်း ဖက်နမ်းချင်စိတ်ကို မနဲထိန်းနေရသည်။

"ခနနေ လူစုံရင်ပြောပြမယ်နော် စိတ်မဆိုးနဲ့နော် ပီးတော့အသက်ဖုန်းနံပါတ်ပေး အုံးလေ"

"ဟင် ပေါ်တင်ကြီးတောင်းတာလား"

"ဟောဗျာ ကိုယ်က ငယ်သူငယ်ချင်းမို့လေ မပေး
ချင်လဲရပါတယ်"

"ဆိုင်ရောက်မှ နင်ပြောတာနားထောင်ပီးမှပေးမယ်"

"သဘောပါဗျာ"

စကားပြောရင်းမောင်းလာတာဆိုင်ရောက်တာ
တောင်ခနလေးလိုခံစားရသည်။ဖြစ်နိုင်ရင် ခုချက်
ချင်းတောင်အနားခေါ်ထားချင်မိသည်။

ဆိုင်ထဲရောက်တော့ အသဲနဲ့ဆိုဖီတို့က ၂ယောက်တူတူဝင်လာတာကို မျက်လုံးပြူးပီးကြည့်တော့ အသက် မသိချင်ယောင်ဆောင်နေလိုက်သည်။ထိုင်တော့လဲ အသဲနဲ့ဆိုဖီက တဖက် ညီညီနဲ့အသက်ကတဖက်ထိုင်ရသည်။

"အသက် ပုစွန်ကြိုက်လား"

"အွန်းကြိုက်တယ်"

"အာ့ဆိုကိုယ်ခွါပေးမယ်နော်"

ဆိုဖီကအသဲကိုတတောင်နဲ့တို့ကာမျက်စပစ်ပြလိုက်ပီး

"ဟဲ့ဘုန်းသန့် ငါနဲ့အသဲလဲပုစွန်စားတတ်တယ်သိလား"

"ဟာ ဆော်ရီးငါက အသက်နဲ့နီးလို့ပါ နင်တို့စားဖို့လဲခွါပေးပါ့မယ်"

အသက်ဆိုဖီကိုမျက်စောင်းထိုးရင်း

"ညီညီ ခွါမပေးနဲ့ သူတို့ကိုwaiterခွါပေးလိမ့်မယ်"

"အသက် အကျင့်ပုတ်မကြီး ငါလဲမစားပါဘူးနော် waiterကိုခွါခိုင်းမှာ ဟွန့်"

ဆိုဖီကပြောတော့ ဘုန်းသန့်လဲအရှက်ပြေရန်

"အော် ဒီမှာက အဲ့လိုserviceပေးတာမသိဘူးဟိုမှာက ကိုယ့်ဘာသာလုပ်ရတော့လေ ရော့အသက်စား  ထပ်စားချင်ရင်ကိုယ်ခွါပေးအုံးမယ်နော်"

ကျွန်တော့ရဲ့အသက်ကတော့ တကယ့်အစား
ပုတ်လေးပါကျွန်တော့ခွါပေးသောပုစွန်သာမက သူ့အမ အသဲအိုးထဲကပါနှိုက်စားသေးတာအသဲကလဲသူ့ညီမကိုစိတ်မဆိုးပဲပေးရှာသည်။ တအိမ်လုံးရဲ့
အချစ်ခံအချွဲမလေးဆိုသော သတင်းစကားကမှန်နေတာမို့
ကျွန်တော့အသက်လေးကိုကျွန်တော် တော်တော် အလိုလိုက်မှရမယ်ဆိုတာသိလိုက်သည်။

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now