Part-8

1.3K 62 6
                                    

အပိုင်း-၈

ဘုန်းသန့် တညလုံးအသက်အိပ်နေတာကြည့်ရင်းမှေးခနဲအိပ်ပျော်သွားသည်။

အသက်နိုးလာတော့ ခေါင်းကသိပ်မကြည်လို့ဘေးကိုလှည့်လိုက်တော့ ညီဖြစ်နေတာမို့ လန့်ပီးထထိုင်ကာကြည့်တော့ အသက်ရဲ့အခန်းလဲမဟုတ်ဖူးမို့စိတ်တိုကာ ဘေးက ညီကိုရိုက်ပီးနိုးတော့ ညီက

"ကိုယ့်အသက်လေး ဗိုက်ဆာလို့လား"

"နင်ငါ့ကိုဘာလုပ်တာလဲညီ"

"ကားတင်ပြေးလာတာ"

"ဘုန်းသန့်ညီ နင်ငါ့ကိုအခုပြန်ပို့ပေး"

"အသက် နင့်ကိုငါခေါ်လာတာပြန်ပို့ဖို့မဟုတ်ဖူး
ငါချစ်လို့ခေါ်လာတာ"

"နင့်ကိုငါပြောပီးပီလေ နင်နဲ့ငါ မဖြစ်နိုင်ဘူးလို့ နင့်အမေကြောင့်ငါ့အမေ ကံကောင်းလို့မသေတာလေ နင့်ကိုလက်ခံလိုက်ရင် ငါ ငါ ငါ့မိသားစုရဲ့အမုန်းတွေပဲရတော့မှာပေါ့ ငါတောင်းပန်ပါတယ် ငါ့ကိုပြန်ပို့ပေးပါ အသဲကောဖေဖေနဲ့မေမေပါ ငါ့ကိုစိတ်ပူနေတော့မှာ"

"အသက်ရဲ့မိဘတွေဆီ ကိုယ်ညထဲကဖုန်းဆက်ထားပီးပီ အသက်ကို ကိုယ်ခိုးပြေးသွားတာမို့စိတ်မပူဖို့နဲ့၂ပါတ်လောက်နေရင်လူကြီးစုံရာနဲ့လာအပ်မယ်လို့"

" ဟင် ညထဲကဆိုခုက ခုက ဒါဆို နင် နင် ငါ့ကိုဆေး
ခပ်ပီးခေါ်လာတာလား"

"ဟုတ်တယ်လေ"

ဘုန်းသန့်ညီ စကားဆုံးတာနဲ့ လေပေါ်ဝဲလာတဲ့
အသက်ရဲ့ခြေကန်ချက်ကို အလူးအလဲရှောင်ရင်း

"အသက် မောမယ်နော်"

ပြောနေတဲ့ကြားကလက်ပါ ပါလာလို့ အသက်ကိုခြေကောလက်ပါချုပ်ပီးရင်ခွင်ထဲထည့်လိုက်တော့

"လွတ် အယုတ်တမာကောင်"

"အသက်ရာ ကိုယ့်ကိုအဲ့လိုမပြောပါနဲ့မင်းကိုချစ်လွန်းလို့ပါကွာ ကိုယ့်ကိုချပီးထွက်ပြေးမယ်မစဉ်းစားနဲ့မင်းတိုက်ကွမ်ဒိုစတက်ထဲကကိုယ်လဲတက်ထားတာ
ကိုယ်က တိုင်းအဆင့်လက်ရွေးစင်နော် မင်းကခါး
ပါတ်အနက်ပဲရတာကိုယ်သိတယ် မင်းရဲ့
တိုက်ကွက်တွေကို ကိုယ်ကပြန်ခုခံနိုင်တယ် အသက်လေးပဲပင်ပန်းမှာ"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now