Part-17

1.2K 58 7
                                    

အပိုင်း-၁၇

အသဲခုဆို ညအိပ်ခါနီးတိုင်းဦးအတွက် breakfast lunch dinnerအတွက်ဘာတွေ မှာပေးရမလဲကြိုပီး planလုပ်ရတဲ့အလုပ်တခုပိုလာပေမဲ့ ကိုယ်ချစ်ရသူအတွက်မို့ပျော်ရသည်။ဦးကတခါတလေ office tower အပေါ်ထပ်မှာအခန်းပြင်ထားတာမို့  ထိုအခန်းမှာပဲအနေများကာပိတ်ရက်လောက်သာ မိဘအိမ်ပြန်တတ်
သည်ဟု သိထားတော့ မနက်စာပြင်ရန်ရုံးသို့စောစောထွက်လာလိုက်သည်။အသဲအရမ်းကြိုက်သော
မုန့်ဟင်းခါးဆိုင်မှ မုန့်ဟင်းခါးရယ်လက်ဖက်ရည်
ရယ်ဝင်ဝယ်ကာ ရုံးသို့လာလိုက်သည်။
ရုံးရောက်တာနဲ့ ဦးရုံးခန်းကိုသန့်ရှင်းရေးလုပ်နေတုန်း
မသူဇာရောက်လာကာ

"သဲသဲ စောရောက်သားပဲ အမွေးနံ့ပြောင်းထားတာလား"

"ဟုတ်အမ စပါးလင်နံ့က စိတ်ကြည်လင်တယ်ကျန်းမာရေးအတွက်ကောင်းတယ်ဆိုလို့ bossကြိုက်ပါ့မလား"

"အင်း အမွှေးနံ့သင်းသင်းလေးဆို ကြိုက်ပါတယ် bossက သူ့အခန်းဆို မွှေးပီးအေးစိမ့်နေမှကြိုက်တာ အနံ့ပြင်းပြင်းတွေ သူမကြိုက်ဘူး"

"ဟိုလေအမ လေသန့်စက်အသေးလေးတွေ
ထားချင်တာ မကြိုက်မှာစိုးလို့ အာ့ဆိုအနံ့ကအခန်းထဲမှာ တောက်လျောက်ရှိနေမှာ"

"ထားလေရတယ် သဲသဲ ညနေ အမဆီမှာငွေထုတ်ပီးလိုတာလုပ်ပါ"

"ဟုတ်အမ"

အသဲသန့်ရှင်းရေးလုပ်တယ်ဆိုတာဖုန်မရှိ
မညစ်ပတ်တဲ့အခန်းဆိုတော့ ဘာမှမပင်ပန်းပေ
အားလံုးပီးတော့မနက်စာအတွက်ပြင်ဆင်ကာ
ထွက်မယ်လုပ်တုန်းbossကရောက်လာပီး အသဲကိုတအံ့တဩကြည့်ကာ

"ခုမှ၈ခွဲ မင်းဘယ်ထဲကရောက်နေတာလဲ"

"၈နာရီပါ boss"

"မင်းအလုပ်ချိန်က ၉နာရီမှလေ အစောကြိီးမလာလဲရတယ်"

"ရပါတယ် boss အတွက်မနက်စာလဲပြင်ပေးမလို့ပါ ခုပြင်လိုက်တော့မယ်နော်"

တည်စေမင်းခေါင်းညိတ်ပြတာနဲ့လစ်ခနဲလှည့်ကာ စားစရာများပြင်နေသောကောင်မလေးကိုကြည့်တော့  ဆံပင်ကနားရွက်အောက်လောက်ကို ခေါင်းမှာ ကလစ်လှလှလေးတခုနဲ့မျက်နှာလေးရှင်းနေအောင်
ညှပ်ထားတာမို့ မျက်နှာလေးကကြည့်ရတာရှင်း
နေသည်။ကောင်မလေးရဲ့မျက်ဝန်းကြည်ကြည်
တောက်တောက်လေးကို ဘယ်မှာတွေ့ထူးမှန်းမ
သိဖြစ်နေမိသည်။ထူးခြားတာက တခြားမိန်းခလေးတွေလို မိတ်ကပ် ထူလပျစ်နဲ့မဟုတ်လို့ ပိုပီးကြည့်ရတာအဆင်ပြေသည်။

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now