Part-23

1.1K 46 1
                                    

အပိုင်း-၂၃

တည်စေမင်း စိတ်ပျက်စွာနဲ့ဘိုကင်ယူထားတဲ့အခန်းဆီ ခလေးကိုပါခေါ်ပီးရှေ့ကထွက်လာလိုက်သည်။
နောက်ကနေ တည်စေမင်းရဲ့အမေနှင့် ဒေဝီနဲ့ဒေဝီ့မေမေတို့ လိုက်လာခဲ့သည်။အ ခန်းထဲထိုင်လိုက်တာနဲ့ အသဲက

"Boss မိသားစုထမင်းဝိုင်းမို့ ကျမ ကိုယ့်ဘာသာပဲ
ပြန်လိုက်ပါ့မယ် စောင့်ဆိုလဲအပြင်ကစောင့်နေပေး
ပါ့မယ်"

"အိုး သမီးရယ်မဟုတ်တာ စားပီးမှပြန်နော်
ရတယ်သားရဲ့ဝန်ထမ်းအသစ်ထင်တယ် မေမေတို့မဆုံဖူးကြဘူးနော်"

"ဟုတ်တယ်မေမေ ခုမှတလကျော်လောက်ပဲရှိသေးတယ် ကျွန်တော့ စားရေးသောက်ရေးသူပဲ လုပ်ပေးတာတော်တယ် သဲသဲတဲ့မေမေ သဲသဲဒါကိုယ့်မေမေ ဒေါ် အိမ်သူတဲ့မှတ်ထား"

"ဟုတ်ကဲ့အန်တီ ခိုင်းစရာရှိရင်ခိုင်းပါမလိမ်မာတာရှိလဲဆံုးမပါရှင့်"

"အေးပါသမီး သားကတော်တယ်ပြောခဲတယ် သားကပြောမှတော့တကယ်တော်တာနေမှာ"

"ဒေဝီတို့ကောမေမေ"

"မီ toiletဝင်နေလို့ကျန်ခဲ့တယ်သား"

Waiter ကမီနူးလာပေးတော့ဦးက အသဲကိုကမ်းပေး

"မေမေ သားအတွက်က သူမှာပေးလိမ့်မယ် မေမေအတွက်ကကော"

"သမီးလေးပဲမှာလိုက်ပါ"

ဆိုတာကြောင့် အသဲမှာ ဦးမေမေအကြိုက်ကိုမေးကာ မှာနေတုန်း မဒေဝီရောက်လာကာ

"ဟဲ့ သဲသဲ နင်ပြန်တော့လေ ဒါမိသားစု ထမင်းဝိုင်းလေ"

"ကိုယ်နေခိုင်းထားတာဒေဝီ "

"တည်စေ ကလဲ ကိုယ့်မိသားစု သီးသန့်ကို အပြင်လူ ကဘာလို့ပါရတာလဲ"

"Boss  မဒေဝီပြောတာဟုတ်ပါတယ် ကျမပြန်လိုက်ပါ့မယ်"

တည်စေမင်း စိတ်ပူသွားသည်ခလေးက သူနဲ့ဒေဝီ့ကိုတမျိုးထင်လို့မဖြစ်ပေ

"သဲသဲ ကိုယ်က မပြန်နဲ့လို့ပြောနေတယ်လေ"

"ဟုတ်ကဲ့ boss"

ဦးမေမေကပါ

"အန်တီနေခိုင်းထားတာပါ သမီးဒေဝီရယ်"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now