Part-37

1.2K 70 17
                                    

အပိုင်း-၃၇

အသက်နဲ့ကိုကို အသဲပွဲကအပြန်ဆေးရုံဝင်ကာ
ဆရာဝန်နဲ့ထပ်ပြတော့

"ကိုဘုနိးသန့်က စိုးရိမ်စရာမရှိပါဘူး တဖြည်းဖြည်း
ပြန်ကောင်းလာမှာပါဆေးတွေကြောင့်ပါ"

အသက်နဲ့ကိုကို အိမ်သို့သာပြန်လာလိုက်သည်။

အသဲဦးနဲ့နေ့လည်စာစားပီး အလုပ်ပြန်လုပ်ပီးညနေကျတော့ ဦးကပဲလာခေါ်သည်။ကားပေါ်မှာ အသဲတနေ့လံုးစိတ်ပင်ပန်းတာမို့ ဦးလက်မောင်းကိုဖက်ပီးပါးအပ်ကာနေမိသည်။မီးပွိုင့်မိမှ ကားမောင်းနေတဲ့ဦးက

"Bae တအားပင်ပန်းနေတာလားဟင် ကြည့်ဦးကိုယ့်ခလေးလေးမျက်နှာလေးကို နွမ်းနေပီကွာ"

ဆိုကာ နဖူးလေးကိုငုံ့နမ်းတော့

"ဟင့်အင်း တအားမပင်ပန်းပါဘူး ဒါပေမဲ့စိတိပေါ့ စိတ်ကကျ companyကလူတွေရှေ့မှာကျတော့ တအားအနေထိုင်ဆင်ခြင်ရတာကစိတ်နဲနဲရှုပ်တာပါ"

"ကိုယ်သိတယ် အဲ့ဖီလင်ကိုလေ ကိုယ့်တုန်းကလဲ ကိုဘုန်း accident ကြောင့်ရုတ်တရက်ဝင်ရတော့လေ အလုပ်လုပ်ရတာထက် လူတွေအားလံုးအမြင်မှာ အဆင်မပြေတဲ့ပံုဖြစ်မှာစိုးတော့ ကိုယ့် ကာရိုက်တာကိုတအားထိန်းရတာ ၂လ၃လလောက်ကြာတယ် ကိုယ်နဲ့အသဲကတူတူပဲ ကိုယ့်ရဲ့အပြူအမူဟာ ကိုယ့်တယောက်ထဲအတွက်တင်မဟုတ်ပဲ ကိုယ့်မိသားစုတခုလံုးရဲ့ပံုရိပ်ဖြစ်နေတာဆိုတော့ လူကပင်ပန်းတာ
ထက် စိတ်တအားပင်ပန်းတာလေ ဟုတ်တယ်မလား"

"ဟုတ်တယ် ဟုတ်တယ် ဦး is the best အသဲဖြစ်နေတာတွေအကုန်သိတယ် ချစ်လိုက်တာဦးကို "

"ကိုယ်ပြောပါတယ် ခုကစပီး အသဲစိတ်နဲ့ကိုယ့်ရဲ့
ကိုယ်ဆိုပီး နေတော့မှာပါဆိုကွာ ချစ်ကလေးကလဲ"

"အွန်းပါဆို ဦးကိုချစ်လိုက်တာ"

စကားပြောရင်းနဲ့အိမ်ရောက်လာတော့ ဦးက ဒယ်ဒီကိုဝင်နှုတ်ဆက်ကာစကားခနပြောပီးပြန်သွားသည်။
အသဲရေမိုးချိုးခနနားပီးတော့ ဒယ်ဒီခေါ်တယ်ဆိုလို့သွားတော့ အသက်တို့လင်မယားကော မောင်လေး၂ယောက်ပါရောက်နေသည်မို့ အသဲ စိုးရိမ်ကာ

"ဒယ်ဒီဘာဖြစ်လို့လဲမာမီ

ဘာမှမဖြစ်ပါဘူးအသဲရယ် ပြောစရာရှိလို့ပါ

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now