Part-41

1.2K 44 1
                                    

အပိုင်း -၄၁

တည်စေနိုးနေကျ မနက်၆နာရီထိုးလို့ နိုးလာတော့ Baeကအိပ်ပျော်နေဆဲမို့ နှုတ်ခမ်းလေးကိုဖွဖွနမ်းကာ
အသာလေးထွက်လာလိုက်သည်။အခန်းတံခါးဖွင့်
တုန်း ဇွဲလေးအသံကြောင့် သော့ကိုကပျာကယာဖွက်ကာ လှည့်လိုက်တော့

"ကိုကြီး သားညကတံခါးလာခေါက်သေးတယ် မနိုးလို့ ခုစောစောထလာတာ သားကျောင်းပရောဂျက်ကဒီနေ့နောက်ဆုံး"

ဟုဆိုကာ အခန်ူထဲ ကပျာကယာဝင်သွားမှ ဟင်းချကာ သော့ကိုအသာလေးပြန်ထားရသည်။

"ဆော်ရီးညီ ကိုယ်ညကပင်ပန်းပီးအိပ်ပျော်သွားလို့"

"အာ ရတယ် ကိုကြီး သားကpostလုပ်ထားတာ postမဖြစ်တာကိုမသိလိုက်လို့ ညကမှ သူငယ်ချင်းတယောက်ကလှမ်းပြောလို့"

ဒေါက် ဒေါက်

တည်စေနဲ့ဇွဲလေး တံခါးဖွင့်ဝင်လာသူကိုကြည့်တော့ ဘုန်းသန့်ဖြစ်နေလို့အံ့ဩသွားသည်။

"အကိုကြီးနဲ့စကားပြောမလို့"

"ပြောညီ"

"ဒယ်ဒီ့ company ကိတ်စမေးမလို့ပါ ကျွန်တော်မှတ်မိမှဆိုကြာနေမှာစိုးလို့လေ အကိုကြီးတို့မင်ဂလာ
ဆောင်ကဘယ်တော့လဲ ဟန်းနီးမွန်းသွားရင်
ကျွန်တော်ကြည့်ပေးရအောင်လေ"

"ကျေးဇူးတင်တာပေါ့ညီရာ မနက်ဖန် လက်မှတ်ထိုးနဲ့
မင်ဂလာဆွမ်းကပ်လေ သဘက်ခါပွဲကြီးနဲ့ဒင်နာညီ နောက်ရက်ကစပီး ဟန်းနီးမွန်းထွက်မယ် company ကတော့"

လို့အစချိကာ အသေးစိတ်ပြောပြလိုက်သည်။ စကားပြောနေတုန်း နေလေးကဝင်လာပီး နားထောင်နေကာ

"အကိုတို့ကိုမေးမလို့ ကျွန်တော် ဘာတွေလေ့လာဖို့လိုမလဲဆိုတာလေ"

ဆိုတော့တည်စေကော ဘုန်းသန့်ပါ သူတို့အမြင်ကိုပြောပြတော့ နေလေးကသေချာနားထောင်နေသည်။

"ကိုကြီးဘုန်းသန့် မမသက်ကို သေချာဂရုစိုက်အံုး ကျွန်တော်က ဗိုက်ထဲကအမွာလေးတွေကိုစိတ်ပူတာ လနုတုန်းကလဲ သူကဟိုမှာ တငိုငိုတရီရီနဲ့အားဆေးလဲမှန်အောင်မသောက်ဖူး ခုကိုကြီးဘုန်းသန့်သတိလဲရပီဆိုတော့ မမသက်ကိုဆေးသေချာတိုက်ပေးတော့"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now