Part-14

1.2K 50 1
                                    

အပိုင်း-၁၄

ဒီနေ့ ရန်ကုန်ပြန်တာ အသက်က စောပြန်ချင်တယ်ဆိုလို့ပြန်လာတာ ခုရန်ကုန်ရောက်နေပီမို့ ကြီးကြီးအိမ်သို့လာလိုက်သည်။

"ကိုကို့"

"ဗျာ"

"အသက်တို့အိမ်ကိုသွားမယ်လေ"

"မရဘူးလေ ဘေဘီ ခုကမနက်၁၀နာရီဆိုတော့နေ့လည်၂နာရီမှလူကြီးစုံရာနဲ့ ဘေဘီ့ကိုပြန်အပ်ဖို့ချိန်းထားတာ နော် ကိုကို့အိမ်အရင်လိုက်ခဲ့နော် ကြီးကြီးနဲ့မိတ်
ဆက်ပေးမလို့"

"ဟုတ်"

ကိုကို့အိမ်ရောက်တော့ ကိုကို့ကြီးကြီးက အသက်ကို နွေးနွေးထွေးထွေးကြိုသလို ဦးမောင်ပါရှိနေတာမို့အသက် မှာတလမ်းလုံးစိတိပူခဲ့သမျ ဟင်းချနိုင်သည်။

"သမီးလေးကို ကြီးကြီးက အရမ်းတွေ့ချင်နေတာ ခုမှပဲတွေ့ရတော့တယ် မင်ဂလာဆောင်ပီးရင်ကြီးကြီးနဲ့နေနော် "

"ဟုတ်ကြီးကြီး နေဖို့က ကိုကို့ကို မေးမှ သမီးဘာမှမသိဘူး"

"ကြီးကြီးသားတို့ သားကွန်ဒိုမှာပဲနေမှာ ကြီးကြီးကျေနပ်အောင် ကြီးကြီးနဲ့၂လလောက်လာနေပေးမယ် ရလားဘေဘီ"

"ဟုတ်"

"ကဲလာလာ အထဲဝင် နားကြ နေ့လည်မှသွားရအောင်"

ကိုကိုတို့အိမ်က အပေါ်ထပ်တဝက်လောက်ကို ကိုကိုကအခန်းဖွဲ့ထားတော့ အခန်းကျယ်ကြီးဖြစ်သည်။အိပ်ခန်းကတခြမ်း အလယ်က ကိုကို့စာကြည့်စားပွဲကတခြမ်း အသက် ဒီဇိုင်းဆွဲတဲ့ drawing tableကော ကွန်ပြူတာကောကတခြမ်း နဲ့အဝတ်လဲခန်းကတခြမ်းဖြစ်သည်။အိပ်ခန်းနေရာမှာ ခုတင်​ခြေရင်းမှာ ၂
ယောက်ထိုင်ဆိုဖာနဲ့ နံရံအပြည့်တီဗီ အကြီးကြီးအပြင် ဝရံတာကလဲ ထိုင်ခံုများနဲ့မို့ အသက်သဘောကျလှသည်။နောက်အထဲကနေ မှန်ချပ်ကြီးကြီးကာထားတဲ့ပြတင်းပေါက်နားမှာ အိပ်ပီးစာဖတ်ဖို့ရတဲ့ဆိုဖာ ရှည်တခုချထားတာမို့ တခန်းလုံးအသက်အကြိုက်မို့သဘောကျကာ

"ကိုကို့"

"ဗျာ"
"ချစ်တယ် ပြွတ်"
"ဟာ အသဲယားလာပီနော် စိတ်ရှိတိုင်းလုပ်ရရင်
နေ့လည်မထနိုင်ပဲနေမယ်နော် ဘေဘီ ပြွတ်"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now