Part-34

1.2K 64 18
                                    

အပိုင်း-၃၄
  အသဲအိမ်ရောက်တော့ ဇွဲလေးကထွက်ကြိုတာမို့ ဆိုဖီကအနားလာကာ ဦးကိုဇွဲလေးနဲ့မိတ်ဆက်ပေးသည်။အသဲကတော့အိမ်ထဲဝင်သွားတော့ အသက်ကဒယ်ဒီ့ ရင်ခွင်ထဲမှာ ငိုနေသလို နေလေးကတော့ငိုနေတဲ့မေမေ့ဘေးမှာထိုင်နေတာမို့ အသဲအဖိုးအလောင်းကိုကြည့်ကာငိုမိတော့သည်။

ဖိုးဖိုးက အသဲနဲ့အသက်ကိုအရမ်းချစ်သလို အသဲတို့မောင်နှမတွေကို  စိတ်ဆင်းရဲစရာဆိုတာမရှိစေရဆိုပီး အမြဲပြောတတ်သူမို့ ဖိုးဖိုးကို ပိုသတိရသည်။

"မေမေကြီးခေါ်မရတော့ အကိုလေးနဲ့မမနွယ်ရေ"
ဆိုတဲ့ ဖွားဖွားနားကအစောင့်အန်တီ့အော်သံကြောင့် အသဲတို့အဖွားခန်းပြေးတော့တကယ်ပဲဖွားကမေ့
နေသည်။တမိသားစုလံုး ဘာလုပ်ရမှန်းမသိချိန် ဦးကအတင်းဝင်လာကာ အဖွားကိုရှေးဦးသူနာပြုနည်းနဲ့ အသက်ရှူအောင်လုပ်ရင်းဆိုဖီ့ကို အရေးပေါ်ကားခေါ်ခိုင်းတော့သည်။ ကားရောက်လာတော့မှ ဦးကပဲဖွားဖွားကိို ချီကာ ကားပေါ်တင်ပီး အသဲနဲ့နေလေးကိုခေါ်ကာဆေးရုံလာခဲ့သည်။ဒယ်ဒီ့ကိုလဲဒရိုက်ဘာ
နဲ့စိတ်အေးအေးထားလိုက်ခဲ့ဖို့ဦးကပဲစီစဉ်ပေးခဲ့သည်။
အသဲတို့ဆေးရုံရောက်ပီး ခနအကြာ ဖေဖေနဲ့
ကယ်လေးရောက်လာသည်။ဦးကပဲအစစအရာရာ
စီစဉ်ပေးလို့ အားလဲုးချောချောခြူခြူ ဖြစ်လာပေမဲ့ ဖွားဖွားက ICUထဲသတိပြန်မလည်သေးလို့စိတ်ပူရတာမို့အသဲနဲ့နေလေးနဲ့အတူဦးပါညစောင့်မည်ဆိုကာဒယ်ဒီ့ကိုပြန်ခိုင်းလိုက်ရသည်။မာမီကလဲဒယ်ဒီဆေးရုံစောင့်လို့မရကြောင်းနေသိပ်မကောင်းဘူးပြောတာနဲ့ အသဲကပဲဒယ်ဒီစိတ်ချဖို့ပြောရသည်။ညရောက်တော့ ဦးက

"Baeခနလှဲနေပါလား ခရီးပန်းလာတာကော တညနေလံုးငိုနေရတာရောပဲလေ"

ဆိုတော့ ဘာမှမပြောပဲ ခုတင်ပေါ်လှဲကာငိုနေပြန်သည်။နေလေးက

"ကိုကြီး ကျွန်တော် အိမ်ခနပြန်ပီးရေမိုးချိုးချင်လို့ မမသဲကိုခနထားခဲ့မယ် "

"ရတယ် ညီစိတ်ချလက်ချသွားလေ"

နေလေးထွက်သွားမှ အသဲနားထိုင်ကာကျောလေးကိုပွတ်ပေးရင်း

"Bae တအားမငိုနဲ့လေ ခေါင်းကိုက်မယ် "

Baeကလဲနေရာကထကာ

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now