Part-31

1K 51 13
                                    

အပိုင်း-၃၁

အသက်ရဲ့ပထမဆုံး ကိုကို့ဇနီးအနေနဲ့တက်ရတဲ့ dinnerမို့စိတ်လှုပ်ရှားနေပေမဲ့ကိုကို က အရမ်းကြီး စိတ်မပူပဲ ပေါ့ပေါ့ပါးပါးနေဖို့ လက်ခလေးကိုကိုင်ကာတောက်လျောက်အားပေးနေသည်။

ဘုန်းသန့် ဒီနေ့တအားပျော်နေမိသည်။ဘေဘီ့ ဒယ်ဒီနဲ့ပူးပေါင်းတဲ့ပရောဂျက်အောင်မြင်သလို ဘေဘီကလဲ ခလေးယူတော့မယ်ပြောတာကြောင့် ပျော်နေမိသည်။ဘေဘီကတော့ နိုင်ငံခြားသားဧည့်သည်ကော စီးပွါးရေးလုပ်ငန်းရှင်တွေပါ တက်တဲ့ပွဲမို့ စိတ်လှုပ်ရှားနေလို့ စိတ်အေးအေးထားဖို့အားပေးနေရသည်။ဘေဘီက သူမအကြိုက်ဆံုးအရောင်ဖြစ်တဲ့ အသားရောင်ဖျော့ မြန်မာကြိုးကြီးချိပ်နဲ့ရင်ဖံုးလေးကို ဘုန့်သန့်မင်ဂလာဦးလက်ဆောင်ပေးထားတဲ့ပတ္တမြားဆက်လိုက်လေးဝတ်ထားတာ ဆံထံုးလေးထံုးထားတာမို့ ဘုန်းသန့်အတွက်အမြင်ဆန်းနေကာ တအားချစ်ဖို့ကောင်းတာမို့ ခနခနငေးမိလို့အစခံရသည်။ဘေဘီကသာစိတ်ပူနေတာ ဘေဘီက နိုင်ငံခြားသားဧည့်သည်တွေနဲ့လဲစကားပြောအဆင်ပြေသလို တခြားစီးပွါးရေးသမားတွေနဲ့ကတော့ ဦးဘုန်းလက်ရုန်းသမီးဆိုပီး ပိုအဆင်ပြေနေတာမို့ ဘုန်းသန့်သဘောကျနေမိသည်။

အသက်ဧည့်သည်တွေနဲ့စကားပြောရင်း အသက်ကို ခနခနလှည့်ကြည့်နေတဲ့ ကိုကို့ကို နှုတ်ခမ်းကိုက်ပီးရန်တွေ့ရသည်။ပွဲထဲစဝင်လာတော့ကြောက်ပေမဲ့ ခုတော့နေသားကျနေပီဖြစ်သည်။မားမီကိုကြည့်တော့ ဒယ်ဒီလက်ချိတ်ကာ ဝိုင်ခွက်လေးကိုင်ပီးစကားပြောနေတာတွေ့ရသည်။ ကိုကိုနဲ့ဒယ်ဒီကတော့
အနောက်တိုင်းဝတ်ဆုံဝတ်ပေမဲ့ မားမီနဲ့အသက်ကတော့ မြန်မာချိပ်လုံချည်နဲ့ရင်ဖုံးသာဝတ်ရမည် ဟုမားမီကဆိုကာဆံထုံးလဲမားမီကပဲအသက်ကိုထုံးပေးတာဖြစ်သည်။မားမီကတော့သူ့အကြိုက်နီညိုရောင်ချိပ်နဲ့ စိန်တွေဝတ်ထားသည်မှာ ယဉ််ယဉ်လေးနဲ့ ကြက်သရေရှိလှသည်။ကိုယ့်မာမီ မိုးပြောတာမဟုတ် မားမီက တသက်လုံးဒယ်ဒီသာမက နှစ်ဖက်အမျိုးအားလုံးရဲ့ အချစ်တွေကို စုပုံရခဲ့လို့လားမသိ ခုချိန်ထိ  နုပျိုလှပကာ အသက်နဲ့ညီအမလို့ပင်ထင်ရသည်။ဒယ်ဒီကဆို ခုချိန်ထိ မားမီကိုအူတိုတုန်းဖြစ်သည်။

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now