Part-30

1.2K 63 4
                                    

အပိုင်း-၃၀

ဘုန်းသန့်ညီ ဘေဘီ့ကိုကြိုဖို့ဘေဘီ့အိမ်သို့
ရောက်တော့ဘေဘီက ပြန်သွားပီလို့ပြောတာနဲ့အိမ်သို့သာမောင်းပြန်လာလိုက်သည်။
အိမ်ထဲဝင်တာနဲ့ကြီးကြီးအသံကိုစကြားရသည်။

"ညီးအဖေကို ယုယမိုးကယူချင်လို့ ငါ့မောင်ကို
ဆေးခတ်သတ်တာလေ ညီးအဖေသာ မပလီခဲ့ရင် ငါ့မောင်လဲသေစရာမလိုဘူး  ယုယမိုးကိုသာညီးအဖေက ယူရင်ဒီပြသနာမဖြစ်ဘူး ယုယမိုးရော  ဘုန်းလက်ရုန်းရော ငါတို့မိသားစုကိုအကျိုးမပေးတဲ့ဟာတွေပဲ အခုညီးကြောင့် ငါ့သားလေးမှာစိတ်ဆင်းရဲပင်ပန်းရတာ"

"ကြီးကြီးရဲ့အဲ့လိုအပြောတွေကြောင့်ပဲ ကိုကိုစိတ်
ပင်ပန်းပီးစိတ်ဒဏ်ရာရတာ။ ကိုယ့်အမေက ဘယ်လောက်ဆိုးဆိုး လူဆိုးလို့အပြောခံရတာဘယ်သူမှမကြိုက်ဘူး ကိုကို့ ငယ်ဘဝဟာ ကြီးကြီးကြောင့်ဘယ်လောက်စိတ်ဒဏ်ရာတွေပြည့်နေမလဲမသိဘူး ပီးတော့ အသက်ဖေဖေကို ကြီးကြီးအနေနဲ့ဘာမှ ဝေဖန်စရာမလိုဘူး အသက်တို့ဒယ်ဒီ ကြောင့်ဘယ်တဦးတယောက်မှဒုက်ခမရောက်ဖူးဘူး ကြီးကြီးတို့သာအပူတွေယူနေတာ
ကိုကို့ကို စိတ်ဒုက်ခပေးတာလဲကြီးကြီးပဲ"

"သက်လက်ရုန်း"

ကြီးကြီးအံကြိတ်ပီးအော်တော့ ကျွန်တော့ရဲ့ ဘေဘီ သတ္တိခဲမလေးက မျက်ထောင့်နဲ့လှမ်းကြည့်နေတာမို့အချိန်မီထိန်းလို့ရအောင်

"ကြီးကြီး ဘေဘီ့ကိုမအော်နဲ့ကျွန်တော်မကြိုက်ဘူး"

"သား ဘုန်းသန့် မင်းဆေးမိနေတာလား ဒီလောက်လူကြီးကိုမင်းမိန်းမပြန်ပြောနေတာ မင်းမိန်းမ မှားတယ်မထင်ဘူးလား"

"အသက်ကမှားနေတယ်ဆိုရင်တောင် ကျွန်တော့
အတွက် ဘေဘီမှားတာကအမှန်ပဲကြီးကြီး လာ ဘေဘီ သွားရအောင်"

ဆိုကာဘေဘီ့လက်ကိုဆွဲကာ ကားပေါ်ခေါ်ကာ ကွန်ဒိုသို့မောင်းလာလိုက်သည်။ တလမ်းလံုးဘေဘီက
ညိမ်နေတာမို့

"ဘေဘီ စိတ်ဆိုးနေတုန်းလား"

"ဟင် အသက်ကဘာကိတ်စိတ်ဆိုးရမှာတုန်း ကိုကို
စိတ်ဆိုးနေတယ်ထင်လို့"

"ကိုယ်ကဘာလို့စိတ်ဆိုးရမှာလဲ"

"ကြီးကြီးကိုပြန်ပြောတာကိုလေ"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now