Part - 3|U+Z

249 55 12
                                    

"အိမ်ပြန်နောက်ကျတဲ့ အကြောင်းပြောဖို့ စာမစီရသေးဘူးလား ဟာရူတို"

ဟာရူတို လက်ထဲက ဖုန်းကိုပဲ အာရုံက်စိုက်နေရင်း ပုခုံးတစ်ဖက်ကို တွန့်ပြလိုက်မိသည်။စာစီစရာဘာအကြောင်းမှ ရှိမနေတဲ့အပြင် အိမ်ပြန်နောက်ကျတာ သူနဲ့လည်း ဆိုင်မယ်မထင်။

ပြီးတော့ မနက်စောစော ရန်ရှာရတာကို ကင်မ်ဂျွန်ကယူက သဘောခွေ့သည့်နှယ်။အိပ်ယာစောစောထလို့ ခေါင်းကြည်မလား မှတ်ရတယ် ငှက်ဆိုးက ထိုးလို့။

"သူများ ကားပေါ်က ဆင်းလာတဲ့ မင်းက အရှက်တွေ ဘယ်ရောက်ကုန်တာလဲ"

"သူများ ကားပေါ်က ဆင်းလာတာမမြင်ချင်ရင် ခင်ဗျား ယောင်္ကျားကို ပြိုင်ကားကောင်းကောင်းတစ်စီးလောက် ‌ဝယ်ပေးလိုက်ပေါ့"

မနက်မိုးလင်းတိုင်း ရန်ပွဲနဲ့ချည်း စတင်နေရတာမို့ ဟာရူတိုအတွက် အဆန်းမဟုတ်တော့။ပြီးရင် နားအေးသွားမှာပဲကို။အခုအချိန်မှာ ဟာရူတို ကြံ့ကြံ့ခံပြီး ပြန်တွန်းနိုင်ဖို့ပဲ အားယူနေရသည်။

"သေတောင် မဝယ်ပေးဘူး။မျောက်ကို ဘီးတပ်ပေးလိုက်သလို ဖြစ်နေမှာကို ငါက ဝယ်ပေးစရာလား။"

"ခင်ဗျား ပတ်ခ်ဂျီဟွန်းနဲ့ ကြိုက်‌နေတယ်လို့ အသံ ထပ်ကြားကြည့် ခင်ဗျားစော/က်ရှက်တွေကို လူသိရှင်ကြားခွဲပြမယ်"

"ရုတ်တရက်ကြီး ဘာအရူးကောက်ထနေလဲ ဟာရူတို။ငါ့ကို ပြဿနာရှာတာ အခြားသူတွေကို ထည့်ရှာစရာမလိုဘူး။"

"ကုမ္ပဏီတစ်ခုလုံးက ခင်ဗျားနဲ့ ပတ်ခ်ဂျီဟွန်း ကြိုက်နေတာ ဆိုပြီး ပြောနေကြတယ်လေ။သတင်းဆိုတာ ကြာကြာဖုံးလည်း ပုပ်ရင် ပေါ်မှာပဲ"

ဟာရူတို ဘာကိုမှ ဂရုမစိုက်ပဲ ပြောလိုက်သည်။အကြည့်တွေကတော့ ဖုန်းစခရင်ပေါ်မှာ။အကြောင်းအရာတစ်ချို့က ဂျောင်ဟွမ်းနဲ့ ပြောနေတာ ဖြစ်ပြီး ပန်းချီကားချပ်တစ်ချို့လည်း တစ်ထောင့် တစ်နေရာက ပါသေးသည်။

"စော/က်ချိုးတွေ ပြင်နေ ၊မဟုတ်ရင် ငါ ပြင်ပေးမယ် ဟာရူတို။မင်းနေရာ မင်းသိဖို့တော့ ကောင်းတယ်"

"ကျုပ်နေရာက အမြင့်ဆုံးမှာလေ ခင်ဗျားတောင် မက်မောလို့ ငေးကြည့်နေရတယ်မလား။အလုပ်သာ ကောင်းကောင်းလုပ်စမ်းပါ လကုန်ရင် ဘောနပ်ပေးမယ်"

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now