Part -21|U+Z

171 33 12
                                    

//ကင်မ်ဂျွန်ကယူအတွက် လက်ဆောင်ပါလာတယ်//

//ထွက်ယူလှည့် ဟာရူ။မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့//

ဟန်နီချန်ဆိုတဲ့ နာမည်ကနေ ပို့တဲ့ စာနှစ်ကြောင်းဟာ ဟာရူတိုရဲ့ ဖုန်းမျက်နှာပြင်မှာ လင်းခနဲ။မိုးဖွဲလေးတွေဟာ တဖွဲဖွဲကျနေပြီး အခန်းထောင့်က နာရီဟာ ကိုးနာရီတီးဖို့ မိနစ်အနည်းငယ်သာ လိုတော့သည်။ဂျွန်ကယူဟာ ဟာရူတို၏ အင်္ကျီအပြာစင်းလေးကို ဝတ်ထားကာ ညဝတ်ဘောင်းဘီအဖြူလေးနှင့်ပင်။

ရေချိုးခန်းထဲကို ဝင်သွားတဲ့ ဟာရူတိုဟာ ပြန်ထွက်မလာသေးတာကြောင့် ဂျွန်ကယူ အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ဘာပဲဖြစ်ဖြစ် နောက်ဆုံး တစ်ခေါက်အနေနှင့် ချွဲချန်မီနှင့် စကားပြောချင်သည်။သင်ပုန်းချေလိုက်သည့်အကြောင်း မဟုတ်ပေမယ့် စကားပြောကြည့်ချင်သည်။ပုံမှန်ထက် ဂျွန်ကယူ တက်ကြွနေပါသည်။

အိမ်စီးဖိနစ် စလစ်ပါကွင်းထိုးကို စွပ်ကာ အောက်ထပ်ကို ဆင်းခဲ့သည်။မိုးဖွဲတွေကို အံတုဖို့ ထီးလေးကို ဆောင်းကာ အပြင်ကို ထွက်ခဲ့သည်။ခြံတံခါးလေးကိုဖွင့်ရင်း လမ်းဘက်ကို မျှော်ကြည့်လိုက်သည်။ဒီလိုကျတော့ ပျော်ဖို့ကောင်းသား။အပေါ်ပြန်တက်ရင် ဟာရူတိုကို မိုးရေတွေနဲ့ အတူဆော့ဖို့ ပြောရမည်။

ထိုအချိန် မျက်ဝန်းထဲမှာ ဝင်ရောက်လာတဲ့ အနက်ရောင် ကားတစ်စီး။မျက်လုံးတွေ ဝါးနေသည်ဟု ထင်မိသော်လည်း ထိုကားဟာ အရှိန်မသတ်ပဲ ဂျွန်ကယူဆီသို့  ထိပ်တိုက် ဝင်လာသယောင်ယောင်။ပထမက ချွဲချန်မီကားလို့ ထင်နေပေမယ့် မြင်ကွင်း အစကနေအဆုံး မှာတော့ ဂျွန်ကယူ နားတွေကို ပိတ်ချပစ်လိုက်ရသည်။

ဒီအသံတွေကို ဂျွန်ကယူ ရင်းနှီးသည်။အရင်တုန်းက ဂျွန်ကယူ ကိုယ်တိုင် လက်မြှောက်ကာ ကားရှေ့ကို တိုးဝင်ခဲ့တာ။အခုတော့ ကားတစ်စီးဟာ ဂျွန်ကယူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ဝင်ရောက်လာခဲ့သည်။ထီးအကြည်လေးဟာ လွှင့်စင်သွားပြီး ကားသံကလည်း လက်တစ်ကမ်းအလိုမှာ။

ဒုန်း။

အသိတွေဟာ ဗလာကျင်းသွားပြီး ဂျွန်ကယူကလည်း လမ်းပေါ်ကို လဲကျသွားတယ်။ခပ်နွေးနွေး ပွေ့ဖက်မှုနဲ့အတူ နှစ်ယောက်အားလို့ ထင်ရတဲ့ ဖိအားတစ်ခုဟာ ဂျွန်ကယူရဲ့ ဦးခေါင်းအနှောက်စီမှာ။ယိုစိမ့်လာတဲ့ ခပ်ပျစ်ပျစ်အရာတွေဟာ သွေးတွေ ထင်ပါတယ်။သွေးကြောက်တက်တဲ့ ဂျွန်ကယူ မျက်လုံးဖွင့်ဖို့ ကြောက်ရွံ့နေမိသည်။

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now