Part -7 |U+Z

273 52 10
                                    

"ဆေးရုံကို သွားသေးလား ဂျွန်ကယူ"

ဂျွန်ကယူ ခေါင်းခါလိုက်ရင်း လပ်တော့စခရင်ပေါ်က မျဉ်းကြောင်းအတက်အကျတွေကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေမိသည်။ဝါတာနာဘယ်အုပ်စုရဲ့ ရှယ်ယာဈေးတွေက အရမ်းကို မြှင့်လွန်းနေသည်မဟုတ်ပါလား။

ဒေတာ အချက်အလက်တွေကို ကြည့်ရတာ ဘယ်လိုမှ မယုံနိုင်စရာ ဖြစ်နေသည်။သက်ပြင်းတစ်ချက်ချလိုက်ရင်း ဂျွန်ကယူ ဆိုဖာကို ကျောမှီပစ်ရတော့သည်။မဟုတ်မှ ဝါတာနာဘယ် အုပ်စုက ရှယ်ယာကစားတက်တဲ့ ပညာရှင်တွေ ရှိနေတာလား။

"ဘယ်လိုလုပ် ညတွင်းချင်း ရှယ်ယာဈေးက အများကြီး မြောက်သွားရတာလဲ"

"ငါလည်း စဉ်းစားလို့ မရဘူး။ကံကောင်းနေတယ်လို့ပဲ ပြောရမှာပဲ"

"ဆိုးဂျောင်ဟွမ်းကြောင့်လို့ ငါထင်နေတယ်။ဘာကြောင့်ပဲ ဖြစ်ဖြစ် ငါ ဝါတာနာဘယ် အုပ်စုကို စိတ်မဝင်စားတော့ဘူး"

တည်မြဲနေသော မျက်လုံးတွေဟာ တင်းမာနေလျှက်ရှိပြီး တစ်စုံတစ်ရာကို စိတ်အလို မကျသည့်နှယ်။သိပ်ကို ခံပြင်းဖို့ ကောင်းတဲ့ အကြောင်းအရာတစ်ခုမို့ ဂျွန်ကယူ လေပူတွေကို မှုတ်ထုတ်ပစ်လိုက်သည်။

"မင်း ဖုံးကွယ်ထားတာ များနေပြီ ဂျွန်ကယူ။ရှေ့လျှောက်ပြီး မင်းတစ်ယောက်တည်း စုပြုံ ခံစားရမှာကို ငါမလိုလားဘူး"

"ငါ့အသက် နှစ်ဆယ့်ရှစ်နှစ်အတွင်းမှာ နောင်တဆိုတာလည်း မရှိသလို ငါလုပ်သမျှက အကုန်မှန်တယ်။ဖုံးကွယ်ထားရတယ်ဆိုတာကလည်း ငါကောင်းဖို့အတွက် မဟုတ်ဘူး။အရာအားလုံးက သတ်မှတ်ထားတဲ့အတိုင်း ဖြစ်နေတာ"

ဖုံးကွယ်ထားတဲ့ အရာတွေ များလွန်းလို့ ကင်မ်ဂျွန်ကယူ ဘာမှန်းတောင် မသိတော့ဘူး။တစ်ခါတစ်လေ စိတ်ကူးမိတယ် ဖုံးကွယ်ထားတာတွေကို လွတ်ချလိုက်မိတဲ့ တစ်နေ့ ကင်မ်ဂျွန်ကယူဆိုတာ ပျောက်ကွယ်သွားမှာပဲလို့။

နောက်ပြီးတော့ ပြန်လည်ဆင်ခြင်ပြီး သုံးသပ်ဖို့ဆိုတာလည်း ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။လုပ်ခဲ့တဲ့ အရာတိုင်းက ကျိုးကြောင်းဆီလျော်နေလို့ အကောင်ဆုံး သရုပ်ဆောင်ဆုတောင် ရထိုက်သေးတာပဲ။

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now