Part - 5 |U+Z

228 59 2
                                    

“ဝါတာနာဘယ် အုပ်စုမှာ ရှယ်ယာ ထည့်မထားတာ မင်းအမှားကြီး မှားတာပဲ ဂျွန်ကယူ”

ဂျွန်ကယူ ဒေါသထွက်လွန်းလို့ ဘာလုပ်ရ ဘာကိုင်ရမှန်းတောင် မသိတော့။ပတ်ခ်ဂျီဟွန်းနဲ့ ကင်မ်ဒို‌ယောင်းကလည်း စိတ်ညစ်နေသည့် အသွင်အပြင်နှင့် လျော့တိလျော့ရဲ။

ဂျွန်ကယူ ရုံးခန်းဖြစ်တာကြောင့် နည်းနည်းတော့ ထိန်းသိမ်းရမည့် တာဝန်ရှိလေသည်။ဒါပေမယ့် ဆိုးဂျောင်ဟွမ်းက တစ်ညတည်းနဲ့ ကင်မ်ဂျွန်ကယူကို ဖြိုလှဲပစ်ချင်နေတာပဲ။

“ငါမှ ဝါတာနာဘယ်အုပ်စုနဲ့ မပတ်သက်ချင်တာ မင်းအသိပဲကို ဂျီဟွန်းရာ”

“ဆိုးဂျောင်ဟွမ်းကို လျှော့တွက်မိတဲ့ မင်းကိုကမှားတာ ကိုကြီး။ဘာပဲ ဖြစ်ဖြစ် ငါတို့ သုံးယောက်ပေါင်းရင်တော့ သူ့ကို အလှဲထိုးနိုင်မှာ”

ဒိုယောင်းစကားကို ထောက်ခံပါသည်။ဆိုးဂျောင်ဟွမ်းက တောင်ကိုရီးယား အချမ်းသာဆုံး လူငယ်စာရင်းတွင် ထိပ်ဆုံးက ရပ်တည်နေသူ။ကင်မ်ဂျွန်ကယူကတော့ ဒုတိယအမြာက် ရပ်တည်သူ။ပတ်ခ်ဂျီဟွန်းက သုံးယောက်မြောက်၊ဒိုယောင်းက ငါးယောက်မြောက်။

“မင်း ဝါတာနာဘယ် အုပ်စုကို ခြေချမယ်ဆိုရင် ငါတို့ အကောင်းဆုံး ထောက်ပံ့ပေးမယ်။ဟာရူတို့ ပိုင်ဆိုင်မှုတွေကို အခြားသူ လက်ထဲ အရောက်ခံလို့ မဖြစ်ဘူး။အဆိုးဆုံးက ဆိုးဂျောင်ဟွမ်း လက်ထဲ မရောက်ဖို့ပဲ ဂျွန်ကယူ”

“ဒယ်ဒီနဲ့ ငါတို့ နှစ်ယောက် တွေ့ဖို့ အချိန်ကျပြီ ကိုကြီး။ပြီးတော့ ဟာရူတိုကိုပါ အသိပေးသင့်တယ်”

“ဟာရူတိုက ဒီကိစ္စနဲ့ မဆိုင်ဘူး ဒိုယောင်း။ငါတို့ဘာသာ စခဲ့တဲ့ မီးမို့ ငါတို့ပဲ ငြိမ်းသက်ရအောင်။မင်းရော ငါရော ဝါတာနာဘယ် အုပ်စုကို ဝင်ရင် ဒယ်ဒီက ကန့်ကွက်စရာ အကြောင်းမရှိဘူးလေ”

ဆွေးနွေးပွဲဟာ သာမန်ထက် အေးဆေးကာ အစီအစဉ်ချမှုတွေကတော့ ဒေါက်စေ့အောင် အဖက်ဖက်က လုပ်ဆောင်နေရသည်။ဆိုးဂျောင်ဟွမ်းကို လျှော့တွက်မိတာ ကင်မ်ဂျွန်ကယူရဲ့ မဟာအမှားကြီးတစ်ခုပဲ။

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now