Part - 16|U+Z

205 45 10
                                    

“ခလွမ်း!”

ဂျွန်ကယူ တစ်ချက်မှ ပျက်ယွင်းခြင်းမရှိတဲ့ အမူအယာနဲ့ လက်ထဲက ရှန်ပိန်ခွက်ကို လွှတ်ချပစ်လိုက်၏။ဆိုးဂျောင်ဟွမ်း၏ မျက်လုံးတွေဟာ လှောင်ရိပ်တွေ ပြည့်နေသလို ဟာရူတို၏ မျက်ဝန်းတွေကတော့ စိတ်မရှည်ဟန်။

“ကင်မ်ဂျွန်ကယူ!”

“ပြန်မယ်လို့...၊ငါ အိမ်ပြန်ချင်တယ် ဟာရူတို!”

နှစ်ခါထပ်ပြီး စကားမပြောချင်တော့သလို မျက်တောင်တွေကို ပုတ်ခတ်ကာ ဟာရူတို၏ စိတ်အစဉ်ကို ယူဆောင်ပစ်လိုက်တယ်။ဂျွန်ကယူ သိပ်သိတာပေါ့...ဟာရူတို၏ စိတ်ခံစားချက် ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ဂျွန်ကယူ အပိုင်သိမ်းထားတာကို။

ပြိုတော့မလို မျက်နှာကို ပြောင်းလဲလိုက်တော့ ဝါတာနာဘယ် ဟာရူတိုက ကျစ်စုတ်သပ်ရင်း ဂျွန်ကယူဆီကို လျှောက်လှမ်းလာတယ်။လက်ထဲမှာ ကိုင်ထားတဲ့ ရှန်ပိန်ခွက်ကို ဆိုးဂျောင်ဟွမ်းဆီကို ပေးလိုက်ရင်းပေါ့...။

“ပြန်ကြမယ်နော်...ခင်ဗျား မငိုနဲ့”

“အင်း ငါ့ကို ဘယ်သူမှ မရှိတဲ့ နေရာကို ခေါ်သွားပေး”

ဒူးထောက်ထိုင်ချကာ ပြောလာတဲ့ သူရဲ့ နားရွက်ဖျားတွေဆီကို တိုးကပ်ရင်း ခပ်တိုးတိုးဆိုလိုက်တယ်။မျက်လုံးတွေက အောင်နိုင်သူ တစ်ယောက်ပမာ တစ်စုံတစ်ယောက်ကို ဝင့်ပြလိုက်တယ်။

အနိုင်ပဲ...။ကင်မ်ဂျွန်ကယူက ဟာရူတိုနဲ့ ပတ်သက်လာရင် အမြဲတမ်း အနိုင်။ဟာရူတိုနဲ့ ပြိုင်ရင်တောင် အမြဲတမ်း ကင်မ်ဂျွန်ကယူပဲ နိုင်ရမယ်။ဒါက အမြဲတမ်း ပြောင်းလဲမရတဲ့ နိယာမတစ်ခုပဲ။

“ခင်ဗျား စိတ်တိုင်းကျ ဖြစ်ရမယ်”

တွေ့လား...ဟာရူတိုကလေ သူနည်းနည်းလေး ညံ့သက်ပြလိုက်တာနဲ့ ပြားပြားဝပ်ပြီး ချနင်းခံမယ့် လူစားမျိုး။သိပ်သိတာပေါ့...ဟာရူတိုက အရင်အတိုင်း မပြောင်းလဲပဲ ခွေးလေးတစ်ကောင်လို ဂျွန်ကယူကို တွယ်ကပ်နေကျ။

ဝှီးချဲကို ခပ်ဖြေးဖြေးတွန်းလာတယ်။ပြီးတော့ သူ့ကို ပွေ့ချီပြီး ကားရှေ့ခန်းကို အကျအန တင်ပြီး ခါးပတ်ပတ်ပေးတယ်။ဝှီးချဲကို သေချာကားနောက်ကို ထည့်ပြီး မောင်းသူနေရာကို ဝင်ထိုင်တယ်။အစစအရာရာကို တစ်ပြိုင်တည်း လုပ်သွားတာများ ငေးကြည့်ဖို့တောင် သိပ်ကို အဖိုးတန်လွန်းတယ်။

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now