“အဲ့တာ ဘာလုပ်နေတာလဲ ကင်မ်ဂျွန်ကယူ”
“ပန်းလေးက ပွင့်နေတာဆိုတော့ မြေကြီးဆွပေးနေတာ”
ဟာရူတို အပြေးအလွှားသွားက လက်ထဲက ဂေါ်အသေးလေးကို အတင်းဆွဲယူလိုက်ရသည်။ကင်မ်ဂျွန်ကယူတို့မှာ အိမ်မှာနေတာ ငြိမ်ငြိမ်နေပါလား။မဟုတ်က ဟုတ်က ပန်းပင်ကို မြေကြီးဆွနေသည်တဲ့လေ။
“အာ ဘာလုပ်တာလဲ !”
“အပြင်သွားမယ်လို့ ပြောထားတာကို ဒီညစ်ပတ်တဲ့ မြေကြီးတွေကို ကိုင်နေရသလား”
“ငါမှ အပြင်မသွားချင်တာ”
“ကလေးလိုလို မျက်နှာပေးလာမလုပ်နဲ့...စိတ်သိပ်ကြည်နေတာ မဟုတ်ဘူး”
မြေကြီးမှုန်တွေကို ခါချလိုက်ရင်း ဟာရူတို ဝှီးချဲကို တွန်းကာ ကင်မ်ဂျွန်ကယူ၏ အရှေ့သို့ ဦးတည်လိုက်ရသည်။အပြင်ကို မလိုက်ချင်သူက နှုတ်ခမ်းကို ဆူထားတာများ တစ်တောင်လောက်ဖြစ်နေပြီ။
“ငါ့ကို တစ်စက်ကလေးမှ လာမထိနဲ့!”
“ပြောလို့ရကြေးလား!”
“ငါ မလိုက်ဘူးလို့ ပြောပြီးပြီနော်!”
“မရရအောင် ခေါ်မှာ!”
ဆိုဖာပေါ်မှာ ထိုင်နေသူကို ပွေ့ချီလိုက်တော့ ဆွေ့ခနဲပင် ဟာရူတို၏ လက်ထဲကို ပါလာ၏။ဝှီးချဲပေါ်ကို အကျအနတင်ပေးတာတောင် နှုတ်ခမ်းဆူနေတာ လျော့မသွားသေး။တကယ်ကို ချစ်စရာကောင်းလွန်းနေတာ မဟုတ်ဘူးလား။
“စိတ်မဆိုးနဲ့တော့”
“ငါက စိတ်ဆိုးနေတဲ့ပုံ ပေါက်နေလို့လား”
“အဲ့ဆူထွက်နေတဲ့ နှုတ်ခမ်းကို ကိုက်ဖြတ်ပစ်မှာနော် သတိထားနေ”
ဂျွန်ကယူ၏ မျက်စောင်းက ဟာရူတိုဆီကို တန်းခနဲရောက်ရှိသွား၏။အမြဲကြည့်ကောင်းနေသူက ဒီနေ့လည်း သိပ်ကို ကြည့်ကောင်းနေလွန်းတော့ ဂျွန်ကယူ မနာလိုဖြစ်ရတာ အမော။
အခု ဂျွန်ကယူကို ဆင်ထားတဲ့ အင်္ကျီကလည်း ဆင်တူဖြစ်ပေမယ့် ဂျွန်ကယူက အရင်လိုမျိုး မိမိုက်နေမှာ မဟုတ်။တော်ကြာ ...သိမ်ငယ်စိတ်။ဂျွန်ကယူ ဘယ်တော့များမှ ဟာရူတိုဘေးမှာ တန်းတူရပ်နိုင်မှာလဲ။