Part -10|U+Z

230 55 3
                                    

"ဒီအမျိုးသမီးတွေထဲက သင့်တော်မယ့်သူတစ်ယောက်ကို ရွေးပေး ကင်မ်ဂျွန်ကယူ"

ဂျွန်ကယူ၏ လက်ဖျားတွေ ရုတ်တရက် အေးစက်သွားလေသည်။ကုတင်ပေါ်ကို ပစ်ချပေးလာသည့် ဓာတ်ပုံတွေဟာ ကင်မ်ဂျွန်ကယူဆိုတဲ့ သူ့ကို လှောင်ရယ်ပြနေလေသည်။ဒါ ဟာရူတို သူ့ကို ပုန်ကန်တဲ့ သဘောလား။

"ငါက ဘာလို့ ရွေးပေးရမှာလဲ"

"ကြင်ဖက်တွေ့ဖို့လေ...အလှဆုံး တစ်ယောက်ကို ရွေးပေး"

"မင်း ငါ့ကို မရွဲ့နဲ့ ဟာရူတို"

ဂျွန်ကယူ ခေါင်းသုတ်လက်စကို မေ့လျော့ကာ ဟာရူတိုကို ပိတ်အော်ပစ်လိုက်သည်။အနီရောင် ပိုးသား ညဝတ်အင်္ကျီကို ဝတ်ဆင်ထားတာကြောင့် အနည်းငယ်တော့ အရိုင်းဆန်ချင် ဆန်နေလိမ့်မည်။သို့ပေမယ့် သည်းခံနိုင်သည့် အတိုင်းအတာဆိုတာ ရှိသေးသည်လေ။

"အိုးဟိုး ဓာတ်ပုံလေး ရွေးခိုင်းတာကို ရွဲ့တယ်ဆိုတော့ ကျုပ်က လက်ခုပ်တီးပေးရမှာလား ကင်မ်ဂျွန်ကယူရှီ"

"မင်း ငါ့ကို မလေးမစား လုပ်နေတာမလား။ငါ့ကို မကျေနပ်လို့ ကြင်ဖက်တွေ့မယ်ပေါ့...ဒါဆိုလည်း မင်းစိတ်ကြိုက် ရွေးလေ ။ငါ့ကို ဘာစော/က်ကြောင်းနဲ့မှ လာရွေးခိုင်း စရာမလိုဘူး"

ကုတင်ပေါ်က ဓာတ်ပုံတွေကို ကောက်ကိုင်လိုက်ရင်း ဟာရူတို၏ မျက်နှာကို ကြည့်ကာ အော်ပစ်လိုက်သည်။ဒါ လူကို နိုင်ချင်လို့ သက်သက်အကျင့်ယုတ်တာ။ဘယ်လိုမှ သည်းမခံနိုင်အောင် ထိုးစစ်ဆင်တယ်ပေါ့။

ရတယ်လေ ကင်မ်ဂျွန်ကယူက ဒါမျိုးမှ ကြိုက်တာ။သူရွေးပေး ဆိုတော့လည်း ရွေးပေးရမှာပေါ့ ပြီးရင်တော့ အတုံ့အလှန့် ရှိတာပေါ့။တန်ရာတန်ကြေးဆိုတာ ပြန်ပေးရတယ် မဟုတ်လား။

"မင်း သိပ်ကို ကြင်ဖက်တွေ့ ချင်နေတယ်ပေါ့ ဟုတ်လား။ဒါဆို ဒီတစ်ယောက်နဲ့ တွေ့လိုက်!"

ဆံပင်ရှည်ရှည်နဲ့ မိန်းမတွေကို စွဲလမ်းသည့် ဟာရူတိုကို ဆံပင်ရှည်ရှည်နှင့် အပြုံးလှလှရှိသော ဓာတ်ပုံကို ထိုးပေးလိုက်သည်။သေချာပေါက် ကံကောင်းပါစေ ဟာရူတို။

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now