Part -9|U+Z

212 51 9
                                    

ဟာရူတို လက်ချောင်းလေးတွေကို တတောက်တောက် တောက်ရင်း သီးသန့်ချိန်းဆိုထားတဲ့ ကော်ဖီဆိုင် ထဲမှာ ထိုင်နေသည်။အခုချိန်လောက်ဆို ကင်မ်ဒိုယောင်းတို့ သွေးပျက်နေလောက်ပြီ။ထိုအရေးကို တွေးမိတော့ ညစ်ကျယ်ကျယ် ပြုံးလိုက်မိသေးသည်။

မည်မျှပင် မစောင့်လိုက်ရ အဖြူရောင် ရှပ်အင်္ကျီလက်ရှည်ကို ဖရိုဖရဲဝတ်ဆင်လာတဲ့ ကင်မ်ဒိုယောင်းက ဟာရူတို၏ မျက်စိရှေ့ကို ဝင်ရောက်လာလေသည်။မှောင်မိုက်နေတဲ့ အမူအယာက သူ၏ ရုပ်ရည်နှင့် အနည်းငယ်မျှပင် မလိုက်ဖက်။

"မင်း ဘယ်လိုတောင် လုပ်ရက်တာလဲ ဝါတာနာဘယ် ဟာရူတို"

"အဲ့တာ ငါမင်းကို ပြန်မေးရမယ့်စကား မဟုတ်ဘူးလား ကင်မ်ဒိုယောင်း"

ဟာရူတို ညစ်ကျယ်ကျယ် ပြုံးရင်း တုံ့ပြန်လိုက်သည်။ထိုအခါ သက်ပြင်းတစ်ချက်ချရင်း ဟာရူတို၏ အရှေ့ထိုင်ခုံမှာ အရုပ်ကျိုးပြတ်ထိုင်ချလာတဲ့ ချစ်ရပါသော အစ်ကိုကြီး ကင်မ်ဒိုယောင်း။

"ပတ်ခ်ဂျီဟွန်းက မင်းအစ်ကိုထက် အရေးကြီးတယ်မလား ကင်မ်ဒိုယောင်း!"

"မင်း ဘာလိုချင်တာလဲ ဟာရူတို"

"မနေ့က နားလည်အောင် ပြောခဲ့တယ်မလား ကင်မ်ဂျွန်ကယူနဲ့ ဆိုးဂျောင်ဟွမ်း ပတ်သက်မှုကို သိချင်တယ်လို့...ပြီးတော့ ပတ်ခ်ဂျီဟွန်းကို အပိုင်ရဖို့ဆိုရင် ကင်မ်ဂျွန်ကယူကို ငါ့ဆီရောက်အောင် တွန်းပို့ရမှာ မင်းတာဝန်ပဲ ကင်မ်ဒိုယောင်း"

ရုတ်တရက် လင်းလက်လာတဲ့ မျက်လုံးတွေက အခြားသူတစ်ယောက်လို ပြောင်းလဲလာလေသည်။အစောနက ဒေါသထွက်နေသူက သူမဟုတ်တဲ့အတိုင်း တည်ငြိမ်နေကာ နှုတ်ခမ်းတွေဟာ တွန့်ကွေးနေသေးသည်။

"ဒါဆို မင်းနဲ့ ပတ်ခ်ဂျီဟွန်း ပတ်သက်မှုတွေကို ချပြဖို့ မင်းလက်ခံတယ်ပေါ့ "

"အတိတ်မှာဖြစ်ခဲ့သမျှက မှားယွင်းခဲ့တာမဟုတ်လို့ ပြောပြဖို့ စိတ်ကူးသေးသေးလေးတောင် မရှိဘူး ဟာရူတို"

"အခု မင်းပြောလိုက်ရင် ဒါတွေကို မင်းရှေ့မှာတင် ဖျက်ဆီးပစ်မှာ"

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now