//ငါ မင်းကိုမြင်နေရတယ် ကင်မ်ဂျွန်ကယူ//
ဖုန်းမျက်နှာပြင်က စာကို တစ်ချက်ကြည့်လိုက်ရင်း ဘေးဘီဝဲယာကို ဂျွန်ကယူ ဝေ့ဝဲကြည့်လိုက်သည်။လူအရိပ်အယောင်တောင် မမြင်ရသည့် နေရာမို့ ဂျွန်ကယူ မသင်္ကာ ဖြစ်ရသည်လေ။ဟာရူတိုကလည်း မီတင်ရှိတာကြောင့် ဂျွန်ကယူကို ဧည့်သည်နားနေခန်းမှာ အေးဆေးနေရအောင် ထားခဲ့တာ။
အခုကျတော့ ဂျွန်ကယူရဲ့ တွေးခေါ်နိုင်စွမ်းတွေကို ပြန်ခေါ်ယူနေရသည်။လက်သီးကို ဆုပ်ကာ ခြေထောက်ကို ကြွလိုက်ပေမယ့် ပုံမှန်လို ပေါ့ပါးမနေ။ထို့ကြောင့် လက်လျှော့လိုက်ရပြန်သည်။လိုက်ကာစ ဖြူဖြူတွေကြောင့် ကင်မ်ဂျွန်ကယူ နောက်ကျောမလုံ။
//ရူးနေတာလား...ဒါ ငါ့အမျိုးသားပိုင်နက်။မင်းလာလို့ မရဘူး//
//ပြောတော့ ငါနဲ့ တွေ့ချင်တယ်ဆို//
//မင်းက စော/က်ရူးလား...//
//ချွဲချန်မီနဲ့ ဟာရူတို အခုရှိနေတယ်။ငါ့ကို ဒေါသထွက်တာလေး လျှော့ပေးဦး//
//image၊image//
ဂျွန်ကယူ၏ လက်ဖျားတွေဟာ အေးစက်သွားရသည်။ပုံထဲမှာ ဟာရူတိုက ချွဲချန်မီကို ပြုံးပြနေတာ။စကားပြောနေသည်ဆိုပေမယ့် သူတို့နှစ်ယောက်တည်း တစ်ကမ္ဘာလုပ်နေတာ။ကင်မ်ဂျွန်ကယူ၏ စိတ်တွေဟာ ချက်ချင်းကို လေးလံလာရသည်။
ဟာရူတိုကို လုံးဝ လက်လွှတ်လို့ မဖြစ်ဘူး။ဟာရူတိုက ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ကို ကင်မ်ဂျွန်ကယူရဲ့ အပိုင်။လက်ထပ်ထားသည့်အပြင် ဟာရူတို ကိုယ်တိုင်ကလည်း အသိအမှတ်ပြုထားသေးသည်။ဘာပဲဖြစ်ဖြစ် ချွဲချန်မီကို ရှင်းထုတ်ရမယ်။
//ဒါဆို ဒီလောက်နဲ့ပဲ နှုတ်ဆက်ရအောင်။ငါ့ကိစ္စကို ငါ့ဘာသာ ငါလုပ်မယ်။အပြင်လူ ကြားဝင်လာရင် စိတ်ရှုပ်ဖို့ ကောင်းတယ်။ငါ့ခြေထောက် ပြန်ကောင်းလာတဲ့ တစ်နေ့ ငါကိုယ်တိုင် ချွဲချန်မီကို စီရင်မယ်//
ဒါ နောက်ဆုံးပို့လိုက်တဲ့ စာကြောင်းဖြစ်လိမ့်မည်။ထို့နောက် ထိုဖုန်းနံပါတ်ကို block ပစ်လိုက်၏။ကင်မ်ဂျွန်ကယူမှာ အားနည်းချက်မရှိဘူး။အပြင်လူတစ်ယောက် ကြားဝင်ပြီး လုပ်ဆောင် ပေးလောက်ရတဲ့အထိ ကင်မ်ဂျွန်ကယူက မနုံအဘူး။