Part -8|U+Z

222 48 10
                                    

ဟာရူတို နှုတ်ခမ်းထောင့်နားလေးကို မသိသာအောင် ဆေးထည့်ကာ ပလာစတာသေးသေးလေး တင်လိုက်၏။သေချာကြည့်မှ မြင်ရတာ ဖြစ်တဲ့အတွက်ကြောင့် မှန်ထဲကို သေချာပြန်ကြည့်ရင်း ပြုံးလိုက်သည်။

Dior စာတန်းပါ အနက်ရောင် အပေါ်အောက် ဂျင်းဝမ်းဆက်ကို ဝတ်ဆင်ထားပြီး လွယ်မယ့် အိတ် နှင့် ဖိနပ်ကက Gucci တံဆိပ်။နားတစ်ဖက်မှာ တန်းလန်းဆွဲထားသည့် နားဆွဲလေးဟာ Louis Vuitton ၊ဆံပင်ရှည်တွေကို သေသပ်အောင် ပုံသွင်းပြီး ဖြစ်တာကြောင့် လက်ကိုင်ဖုန်းကို ယူကာ အခန်းအပြင်သို့ ထွက်လိုက်တော့သည်။

ဒီနေ့ ဆိုးဂျောင်ဟွမ်း အကူအညီတောင်းထားတဲ့ ကိစ္စတစ်ခုကို အကောင်အထည်ဖော်ရမည်။ပန်းချီပြခန်းကို လူသိများအောင် promote လုပ်ပေးဖို့ ဂျောင်ဟွမ်းဘက်က အရင်ကမ်းလှမ်းပြီး ကမ်းလှမ်းတဲ့ အဖိုးအခက အတော်လေးကို မြင့်တာကြောင့် လက်ခံလိုက်ခြင်းသာ။

ဝါတာနာဘယ် ဟာရူတို ပိုက်ဆံရှာဖို့ အလုပ်သွားရတော့မယ်။ influencer တစ်ယောက် လုပ်ရတာ ဟာရူတိုအတွက် အဆင်ပြေတာထက် ပိုပြေတာပေါ့။ဒါပေမယ့်လည်း ဝါတာနာဘယ် ဟာရူတိုက ဘာမှမလုပ်ပဲ ဒီအတိုင်းလေး နေရတာကို သိပ်ကြိုက်တယ်။

"အိုး!! အစ်ကိုက လုံးဝကို ပြည့်စုံနေတာပဲ"

"ဝါတာနာဘယ် ဟာရူတိုဆိုမှတော့ ပြည့်စုံခြင်းတွေက လာဒူးထောက်တာပေါ့ ဂျောင်ဟွမ်းရာ"

"ဒါကိုတော့ hundred percent ထောက်ခံတယ်"

ဟာရူတို လက်ပတ်နာရီကို တစ်ချက်ကြည့်ရင်း သွားဖို့ အချိန်ကို စမှတ်လိုက်၏။တကယ်တော့ ဂျောင်ဟွမ်း လာခေါ်ဖို့ သူ့ဘက်က စပြောခဲ့တာ ဖြစ်ပြီး အိမ်က ကားကို တစ်ခြားသူကို တင်မမောင်းချင်တာလည်း ပါ၏။

"အစ်ကို့ နှုတ်ခမ်းထောင့်က ဘာဖြစ်တာလဲ ၊ဒီအတိုင်း တစ်ခုခု ဖြစ်နေတယ်လို့ ခံစားရလို့"

"ကင်မ်ဂျွန်ကယူရဲ့ လက်ရာမြောက် ဆေးစက်လေ"

သွားဖို့ အချက်ပြလိုက်ရင်း အရှေ့ကနေပဲ ဦးဆောင်လိုက်တော့သည်။ဆိုးဂျောင်ဟွမ်း၏ ပုံစံနှင့် အခု ဟာရူတို၏ ပုံစံကို မြင်ရရင် အမြွှာလို့တောင် ထင်ရလောက်တဲ့အထိ သိပ်ကို ဆင်တူလွန်းသည်။

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now