"ငါမေးတာကိုပဲ ဖြေလို့ မရဘူးလားဟင်!"
သိပ်ခက်သည်။ကင်မ်ဂျွန်ကယူဟာ ဟာရူတို၏ စိတ်ခံစားချက်တွေကို ခက်ခဲအောင် သိပ်လုပ်သည်။ဆုံးဖြတ်ချက်တွေ မှားသွားအောင်လည်း လှည့်စားနိုင်စွမ်းရှိသည်။
ခံစားချက်ရှိနေသလို မျက်ရည်တွေ ဝေ့သီလာတဲ့ မျက်နှာလေးကို သူ လျစ်လျူရှုနိုင်စွမ်းမရှိ။ဘယ်လောက်ပဲ သူ့ကို လိမ်လည်နေပါစေ...ဒီလို ပုံစံလေးနဲ့ဆိုရင် ဟာရူတိုဟာ ထိုလူသားကို ညံ့သက်ပြီး ဝပ်ဆင်းမယ့်ကောင်။
"အလုပ်ကိစ္စရှိလို့ ... ပြီးတော့ ရှင်းချယ်ဝန်းနဲ့လည်း တွေ့ခဲ့သေးတယ်"
ဟာရူတို ထိမ်ချန်ပြီး ပြောလိုက်ပေမယ့် ကင်မ်ဂျွန်ကယူဟာ ပြောင်းလဲခြင်းမရှိပဲ ဟာရူတိုကို ငေးကြည့်နေဆဲ။ဘာဖြစ်ချင်နေသလဲ မသိပေမယ့် ဟာရူတို သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"ဘာထပ်သိချင်သေးလို့လဲ ကင်မ်ဂျွန်ကယူ!"
"ငါ့ဘက်ကို နည်းနည်းလေးလောက် ထည့်ပြီး တွေးပေး။မဟုတ်ရင် ငါ လွှတ်ချပစ်မိတော့မှာ ဟာရူတို"
"ခင်ဗျားသာ ဘာဖြစ်နေတာလဲ ပြောစမ်းပါ...အခုလို ပြောနေတာတွေက လိုရင်းကို မရောက်ဘူး ကင်မ်ဂျွန်ကယူ"
သိနေသည်။ကင်မ်ဂျွန်ကယူဟာ ဟာရူတို ဘယ်ကနေ ပြန်လာသလဲဆိုတာ သိနေပြီဖြစ်တာကြောင့် သူ့ကို အခုလိုတွေ မေးမြန်းနေတာပေါ့။ရှင်းချယ်ဝန်းနဲ့ အဆက်အသွယ်ရှိနေခဲ့တာလား....။
"ငါ့ပါးစပ်ကနေ ထုတ်ပြောမှ မင်းသိမှာလား ဟာရူတို!"
"ခင်ဗျား ပါးစပ်ကထုတ်ပြောမှ ကျုပ်သိမှာပေါ့၊သိရအောင် ကျုပ်က ခင်ဗျားမှ မဟုတ်တာ!"
"ငါ့ကို အသက်ရှူကြပ်ရအောင် မလုပ်ပါနဲ့လား ဟာရူတို"
ချော့တစ်လှည့် ခြောက်တစ်ခါ ၊လျှော့လိုက် တင်းလိုက် စေညွှန်နေတဲ့ ကင်မ်ဂျွန်ကယူ ကြောင့် ဟာရူတို ထိုလူသားအနားကို ရောက်အောင် တိုးကပ်သွားလိုက်သည်။
ပါးပြင်ပေါ်ကို ရုပ်ရှင်ဆန်ဆန်ကျဆင်းလာတဲ့ မျက်ရည်စီးကြောင်းတစ်ခုကို လက်မလေးနှင့် ခပ်ဖွဖွသုတ်ပေးရင် ဟာရူတို နှုတ်ခမ်းတွေ တွန့်ကွေးသွားအောင် ပြုံးလိုက်မိသည်။