Part -19|U+Z

208 41 4
                                    

“မုန်းလိုက်တာ!”

မျက်စိရှေ့မှာ မြင်နေတဲ့ ပုံရိပ်နှစ်ရိပ်ကို ပျောက်ကွယ်သွားအောင်လုပ်ချင်တယ်။မှော်အစွမ်းသာရှိမယ်ဆိုရင် တစ်ခါတည်း သေးသေးလေးဖြစ်အောင်လုပ်ပြီး ဖန်ပုလင်းထဲကိုသာ ထည့်ထားချင်တော့တယ် ဟာရူတို။

စိတ်တွေကို ထိန်းချုပ်နေရတာ သိပ်ကို ခက်ခဲတယ်။ဘယ်လို ဖြေသိမ့်ရမလဲဆိုတာ မတက်မြောက်သ၍ ကင်မ်ဂျွန်ကယူဟာ အေးချမ်းမယ် မထင်ဘူး။အခုလည်း မအေးချမ်းသလို နောင်လည်း မအေးချမ်းဘူး။

“ဟာရူတို!”

“လာပြီ ကင်မ်ဂျွန်ကယူ!”

ပျော့ပျောင်းခြင်းမရှိတဲ့ စကားသံနှင့်အတူ လှမ်းလာတဲ့ ဟာရူတို။ချစ်တယ်လို့သာ ပြောပြီး အချိုးမပြေပုံက သိပ်ကို စိတ်ပျက်ဖို့ကောင်းတယ်။ယောင်္ကျားတစ်ယောက်လုံးကို ရှေ့ထားပြီး တစ်ခြားမိန်းမတစ်ယောက်ကို ဦးစားပေးတာ သိပ်ကို-။

ဝါတာနာဘယ် ဟာရူတိုကို ချစ်လွန်းလို့သာ ထိုင်ကြည့်နေရတာ မဟုတ်ရင် သတ်ပြီးနေလောက်ပြီထင်တယ်။ဒီခြေထောက်တွေကို မြန်မြန် ပြန်ကောင်းဖို့ မျှော်လင့်မိတယ်။ပြီးရင် ချွဲချန်မီ ငါ့လက်နဲ့ က်ိုယ်တိုင် သတ်ပစ်မယ်။တစ်ခါသွေးစွန်းဖူးတဲ့ လက်ကို ထပ်သွေးစွန်းရမှာ လွယ်လွယ်လေးပဲ။

“ချွဲချန်မီနဲ့ နီးနီးကပ်ကပ်မနေပါနဲ့လား- ငါသဘောမကျဘူး”

“ကျုပ်တို့က အလုပ်ကိစ္စဆွေးနွေးရုံတင် ကင်မ်ဂျွန်ကယူ”

“အလုပ်ကိစ္စဆွေးနွေးနေတာ အဲ့လို နမ်းမိမတက် ‌နီးကပ်စရာမှ မလိုတာ ဟာရူတို။ငါ သဘောမကျဘူးဆို မလုပ်ရမှာ မင်းကိုယ်တိုင်မဟုတ်လား”

“ခင်ဗျား အမိန့်ပေးတိုင်း ကျုပ်က နာခံဖို့ မလိုဘူးထင်တယ်။ချစ်တာက တစ်ကဏ္ဍ၊အမိန့်ပေးတာက တစ်ကဏ္ဍနော် ကင်မ်ဂျွန်ကယူ။ကျူပ်က စီးပွားရေးသမား- စီးပွားရေးအရတော့ ဆက်ဆံရမှာပဲ”

တွေ့လား-ဟာရူတိုကို အဲ့တာတွေ သဘောမကျတာ။ပိုင်ဆိုင်မှုတွေ များနေပါလျှက်ကယ်နှင့် ချွဲချန်မီနဲ့ နှစ်ဦးအကျိုးတူ စီးပွားရေးလုပ်တယ်။ဟန်ချီချန်ဆိုပြီး ခပ်တိုးတိုး ခေါ်တက်ပြီး စီးပွားရေးအရ တက်ရတဲ့ ပွဲတွေမှာ ခါးကိုဖက်တယ်။မျက်ကွယ်ရာမှာဆိုရင် ဘယ်လောက်များ ဆိုးနေလိုက်မလဲ။

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now