Part -14|U+Z

304 56 12
                                    

မိုးတွေရွာနေတယ်...။သည်းကြီးမဲကြီး ရွာနေတာမျိုးလည်း မဟုတ်ပဲ ဖွဲဖွဲကျနေတာမျိုးလည်းမဟုတ်။လေငြိမ်နေပြီး မိုးစက်တွေက တစ်စက်ချင်း ခပ်မြန်မြန် ကျဆင်းနေတာမျိုး။မိုးရေတွေတင်ကျန်နေတာကြောင့် ခြေကျင်းဝတ်မှာရောက်နေတဲ့ ရေတွေဟာ သိပ်ကို အေးစက်လွန်းတယ်။

စီးထားတဲ့ ဖိနပ်ကို ချွတ်ပြီး လက်ကကိုင်လိုက်တော့ အရမ်းကို ပျော်ဖို့ကောင်းတဲ့ အခိုက်အတန့်ဖြစ်လာတယ်။မုန်တိုင်းဝင်မယ်လို့ ပြောထားပေမယ့် ဟာရူတိုကတော့ ဘာကိုမှ ဂရုမစိုက်ဖြစ်။လွယ်အိတ်ကို ကျောပိုး ခေါင်းဆောင်းမပါပဲ မိုးရေထဲမှာ ခြေဗလာနဲ့ ပြေးလွှားရတာ သိပ်ကို နှစ်ခြိုက်လွန်းတယ်။

“ဟိတ် တအားမပြေးနဲ့လေ ချော်လဲကုန်မှဖြင့်...”

ပြေးလွှားနေတဲ့ ဟာရူတိုရဲ့ ခြေလှမ်းတွေဟာ ထိုအသံကြောင့် ရပ်တန့်ကုန်ပါတော့တယ်။မိုးရေစက်တွေကြားမှာ ကြားလိုက်ရတဲ့ အသံက သိပ်ကို နားထောင်လို့ ကောင်းလွန်းသည်လေ။ထို့ကြောင့် ခြေစုံရပ်ရင်း အနောက်ကို လှည့်ကြည့်မိလိုက်တယ်။

“မုန်တိုင်းရှိတယ်လို့ ကြေညာထားတာကို ဘာလို့ ခေါင်းပြောင် ခြေဗလာနဲ့ မိုးရေထဲမှာ ပြေးနေရတာလဲ။နေမကောင်းရင် ဒီမိုးရေတွေက ကယ်မှာ မဟုတ်ဘူးနော်”

ထီးအကြည်လေးကို ဆောင်းထားတဲ့ ကောင်လေးတစ်ယောက်။စကားပြောနေရင်း ချိုင့်ဝင်သွားတဲ့ ပါးချိုင့်တွေကို ဟာရူတို တွေခနဲ ကြည့်လိုက်မိတယ်။သိပ်ကို ကြည့်ကောင်းလွန်းတယ်။

“ခင်ဗျားနဲ့ မဆိုင်ဘူး ထင်တယ် ကင်မ်ဂျွန်ကယူ”

“ခေါင်းမာလိုက်တာ...ငါက မင်းနေမကောင်းဖြစ်မှာစိုးလို့လေ”

“ဖြစ်-ဖြစ်ပေါ့”

အိမ်ကို ဒီနေ့မှာ အသစ်ရောက်လာတဲ့ ဧည့်သည်။တစ်နည်း အဖေ့ရဲ့ နောက်အိမ်ထောင်က ပါလာတဲ့သားအကြီး ကင်မ်ဂျွန်ကယူ။သိပ်ကို နှစ်လိုဖွယ် အပြုံးတွေရှိလို့ မနာလိုမိတာလည်းအမှန်။

“မင်းက ငယ်သေးတယ်လေ ဟာရူတို”

ငယ်သေးတယ်ပြောပြီး ထီးအကြည်လေးကို ဟာရူတို၏ ခေါင်းပေါ်ကို မြှင့်ဆောင်းပေးသည့် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေး။အပြုံးတွေ ရင့်ကျက်မှုတွေက ပါးချိုင့်ခွက်ခွက်တွေမှာ ပျော်ဝင်နေတာကြောင့် မျက်တောင်ဆယ်ခါလောက်ခတ်ကာ တစ်ဖန်ငေးကြည့်ရပြန်သည်။

𝐘𝐨𝐮 𝐁𝐞𝐥♡︎𝐧𝐠 𝐖𝐢𝐭𝐡 𝐌𝐞 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now