Tear🤍

44 3 0
                                    

Tear

မျက်ရည်တွေကျဆင်းစိုစွတ်နေတဲ့ ကျွန်မရဲ့မျက်နှာလေးကိုခပ်ဖွဖွကိုင်ပြီး လှုပ်နှိုးလိုက်တဲ့ကျွန်မရဲ့ကောင်မလေးကြောင့်အိမ်မက်မက်နေရာကလန့်နိုးသွားရတယ်။

'ဟေး.....ဘာဖြစ်လို့ငိုနေရတာလဲကလေး။အိမ်မက်မက်ပြီးငိုပြန်ပြီမဟုတ်လား။ဘာ‌တွေအိမ်မက်မက်ပြန်ပြီလဲ။ကိုယ့်ကိုပြောစမ်းကလေး'တဲ့။သူမကကျွန်မကိုပွေ့ဖက်ရင်း ဘာဖြစ်သလဲလို့အသဲအသန်မေးနေတာကြောင့်ကျွန်မရဲ့အိမ်မက်အကြောင်းအဲ့ဒီကောင်မလေးကိုပြောပြမိတယ်။

ကျွန်မရဲ့အိမ်မက်အကြောင်းပြောပြပြီးတဲ့အခါ 'ကိုယ့်မိန်းမကတော့ကွာ။ကိုယ့်ကိုလက်ထပ်ယူထားပြီးအထီးကျန်ခြင်းကိုအိမ်မက်မက်စရာလား'တဲ့။သူမကကျွန်မကိုပိုပိုပြီးတင်းကျပ်နေအောင်ဖက်ထားရင်းနှစ်သိမ့်တယ်။

ကျွန်မကိုစိုးရိမ်တကြီးစကားဆိုရင်းကျွန်မရဲ့ခန္ဓာကိုယ်လေးကိုသူမရဲ့ရင်ခွင်ထဲဆွဲသွင်းထားလိုက်တာမို့ကျွန်မကိုယ်တိုင်လည်းအဲ့ဒီကောင်မလေးကိုတင်းကျပ်နေအောင်ဖက်ထားရင်းမျက်ရည်တွေထပ်ကျလာတယ်။

ကျွန်မရဲ့အခြေအနေကိုကြည့်ရင်းသူမကပြာယာခတ်စွာစိတ်ပူနေခဲ့တယ်လေ။ကိုယ့်ကလေးလေးငိုနေတာမကြိုက်ပါဘူးလို့လည်းသူမကထပ်ခါထပ်ခါရေရွတ်ရင်းရှိနေခဲ့တာပေါ့။

သူမကကျွန်မကိုပွေ့ဖက်ချော့မြှူရင်းစိုးရိမ်စိတ်တွေနဲ့အလုပ်ရှုပ်နေခဲ့တယ်။သူမကကျွန်မငိုရင်ရူးသွပ်မတတ်စိုးရိမ်တတ်တာ။ဟုတ်သားပဲ......အဲ့ဒါကို မစဉ်းစားမိပဲငိုမိပြန်ပြီလို့တွေးရင်း ကျွန်မရဲ့ငိုကြွေးနေခြင်းကိုရပ်တန့်ဖို့ကြိုးစားလိုက်တယ်။

'ကလေးမငိုတော့ဘူးနော်'လို့ပြောမိရင်းမျက်ရည်သုတ်လိုက်တဲ့ကျွန်မကို'ကလေးလေးရယ်'လို့ခပ်တိုးတိုးညည်းရင်းသူမကခေါင်းညိတ်ပြရှာတယ်။ကျွန်မငိုရင်အဲ့ဒီကောင်မလေးကရူးတော့မလိုခံစားရတယ်လို့အမြဲတမ်းပြောနေတတ်တာလေ။

ကျွန်မရဲ့အခုအခြေအနေကြောင့်သူမအရမ်းပင်ပန်းသွားပြီထင်ပါရဲ့။ကျွန်မစိတ်မကောင်းပါဘူး ကောင်မလေးရယ်။ရှင့်ကိုမနာကျင်စေချင်တာကျွန်မရဲ့ဆန္ဒအမှန်ပါ။

သူမကထပ်ပြောသေးတယ်။'မကြောက်ရဘူးနော်ကလေး'တဲ့။သူ့ကလေးလေးကြောက်တတ်တာသေချာသိနေတဲ့သူမက ကျွန်မကိုစိတ်မချနိုင်ပဲရှိနေတုန်းလေ။

မနေ့ကသူမကိုအရမ်းလွမ်းနေခဲ့ရတာ။အလုပ်များနေတဲ့သူမကတစ်နေ့လုံးကျွန်မအနားမှာမရှိခဲ့ဘူးလေ။အဲ့ဒါကိုစိတ်ထဲစွဲသွားရင်းအိမ်မက်ဆိုးမက်ရုံလေးပါပဲ။

'ကြောက်တယ်'လို့ခပ်တိုးတိုးဆိုမိတော့'မကြောက်ရဘူးကလေး'ဆိုပြီးအကြောင်းအရာမျိုးစုံကိုသီဖွဲ့ထားတဲ့စကားတွေပြောလာခဲ့တယ်။ကျွန်မကိုစကားလမ်းကြောင်းလွှဲတတ်တဲ့ပညာမှာအဲ့ဒီကောင်မလေးကတစ်ဖက်ကမ်းခတ်ကျွမ်းကျင်တာလေ။သူမအဲ့လိုစကားလမ်းကြောင်းလွှဲလိုက်တိုင်း ကလေးတစ်ယောက်လိုနားထောင်ရင်း အရာရာမေ့သွားတတ်တဲ့ကျွန်မရဲ့အကျင့်ကိုအဲ့ဒီကောင်မလေးကသေချာသိနေခဲ့တာကိုး....။‌သေချာပေါက်အဲ့လိုလုပ်မှာပေါ့။

အဲ့လိုတွေးမိတော့ကျွန်မပြုံးမိတယ်။ကျွန်မမျက်နှာကိုလုံးဝအကြည့်မလွှဲပဲရှိနေတဲ့သူမက'ကိုယ့်ကလေးကတော့ ငိုလိုက်ရယ်လိုက်ဖြစ်နေတာပဲကွာ။အရူးမ‌လေး.....'ဆိုပြီးစကားဆိုရင်းကျွန်မနှုတ်ခမ်းကိုအနမ်းဖွဖွလေးခြွေ‌လိုက်တယ်။'ရှင့်ကိုချစ်မိလို့ကျွန်မရူးသွားတာဖြစ်မယ်ကောင်မလေးရယ်'လို့ပြန်ပြောမိတော့'ကိုယ်လည်းမင်းလေးကိုချစ်မိပြီးကတည်းကရူးသွပ်နေခဲ့ပါပြီကလေးရယ်'တဲ့။

အထီးကျန်ခြင်းကိုအိမ်မက်ထပ်မမက်စေဖို့ရှင်ကကျွန်မအနားကပျောက်မသွားစမ်းပါနဲ့။ရှင့်ကိုအရာရာထက်ပိုချစ်တယ် ကျွန်မရဲ့ချိုမြိန်ခြင်းလေးလို့နှလုံးသားနဲ့စကားဆိုရင်းသူမရဲ့ရင်ခွင်ထဲမှာငြိမ်ငြိမ်လေးကျွန်မရှိ‌နေခဲ့တယ်။

Avery Yint Han

To My GirlfriendWhere stories live. Discover now