က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part1)

556 23 0
                                    

နံနက်ခင်းရဲ့နေရောင်ခြည်လေးဟာမှန်ပြတင်းပေါက်မှတဆင့်ကုတင်ထက်၀ယ်အိပ်စက်နေသောကောင်ကလေးရဲ့မျက်နှာပေါ်သိူ့ဖြာကျလာလေသည်။

နောင်တစ်ယောက်သူ၏မျက်နှာပေါ်သို့ဖြာကျလာသောနေရောင်ကြောင့်မျက်မှောင်ကျုတ်လိုက်မိလေသည်။

နောင် - ''ကျစ်!!''

နောင်စုပ်သပ်ကာညကသူ့ကိုယ်ပေါ်မှာခြုံထားသောစောင်အားခေါင်းထိဆွဲခြံုပြီးပြန်အိပ်စက်လေသည်။

.........

အဖြူရောက်ဒီနေ့နောင်သူမကိုမုန့်လိုက်ကျွေးမယ်ပြောထားတာကြောင့်နောင့်အိမ်သိူ့အစောကြီးရောက်လာခဲ့လေသည်။

နောင့်အမေ - ''ဟယ်သမီးဖြူအစောကြီးပါလား''

အဖြူ - ''ဟုတ်ကဲ့အန်တီ..နောင်ရောအန်တီမနိုးသေးဘူးလား...''

နောင့်အမေ - ''သမီးသူငယ်ချင်းကအခုချိန်သာနိုးမယ်ဆိုရင်ဘုရားပွင့်သွားလိမ့်မယ်...အန်တီတော့သူ့ကြောင့်နဲ့ဘယ်ချိန်သာသနာ့ဘောင်၀င်မိမလဲမသိတော့ဘူးကွယ်...ညကလဲစောစောအိပ်လို့ပြောတာကိုနားမထောင်ဘူးသမီးရယ်...''

အဖြူ - ''နောင်ညကသမီးကိုပြောတော့စောစောအိပ်မယ်တဲ့...အန်တီစိတ်မပူနဲ့သမီးသူ့ကိုဆုံးမပေးမယ်...''

နောင့်အမေ - ''သမီးလေးစကားဆိုနောင်ကနားထောင်မှာပါသမီးဘဲသူ့ကိုသေချာဆုံးမလိုက်ပါကွယ်''

အဖြူ - ''ဟုတ်ကဲ့အန်တီ...''

အဖြူတစ်ယောက်နောင့်အမေကိုနှုတ်ဆက်ပြီးနောင်အခန်းရှိရာဆီသို့တက်လာခဲ့လေသည်။နောင့်အိမ်ကအတော်ကြီးသည်။အိမ်က၃ထပ်တိုက်အိမ်ကြီးပင်...နောင်ကအပေါ်ဆုံးထပ်မှာနေပြီးနောင့်မိဘတွေကအလယ်ထပ်မှာနေသည်။အောက်ထပ်မှာတော့နောင့်အဖေရဲ့companyကပစ္စည်းများကိုရောင်းချလေသည်။(နောင့်အဖေဦးစိုင်းနောင်က C & N companyရဲ့ceoတစ်ယောက်ပင်)

အဖြူနောင့်အိပ်ခန်းရှေ့ကိုရောက်တော့ဘာမှထူးသံမပေးဘဲတံခါးဖွင့်၀င်လာခဲ့လေသည်။အိပ်ယာပေါ်မှာခေါင်းမြီးခြုံပြီးအိပ်စက်နေသောနောင်ကြောင့်သူမနောင်ရှိရာကုတင်နားကိုသွားပြီးခြုံထားသောစောင်ကိုဆွဲခွာလိုက်လေသည်။

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now