က၀ေပျိုရဲ့ချစ်နှောင်ကြိုး (part9)

284 23 0
                                    

နောင်တစ်ယောက်ဆေးရုံကဆင်းလာကတည်းကဘယ်သူ့ကိုမှအတွေ့မခံတော့ပေ။.အခန်းထဲမှာသာနေလေသည်။

ဦးစိုင်းနောင်တစ်ယောက်မှာလည်းသားဖြစ်သူရဲ့၀မ်းနည်းနေသောမျက်နှာကြောင့်သူကိုယ်တိုင်လည်းနာကျင်ရသည်။

ဒေါ်ယွန်း - ''ဖေကြီးကျမတို့သားလေးကိုအခုလိုဘဲကြည့်နေတော့မှာလား...''

ဦးစိုင်းနောင် - ''ကိုတို့သားလေးကိုတစ်ခုခုလုပ်ပေးဖို့လိုနေပြီးထင်တယ်ယွန်း..''

ဖိုးလူ - ''ဆရာ..အကိုလေးကိုမိန်းကလေးတစ်ယောက်တွေ့ချင်လို့တဲ့...''

ဦးစိုင်းနောင် - ''အထဲကိုလွှတ်ခဲ့...''

ဖိုးလူ - ''ဟုတ်ကဲ့ဆရာ ''

ဖိုးလူထွက်သွားပြီးခနနေတော့အိမ်ရှေ့မှာကားသံကြားရလေသည်။...ကားပေါ်ကဆင်းလာတဲ့သူကိုမြင်တော့ဦးစိုင်းနောင်တို့မျက်နှာဟာခက်ထန်မာကြာသွားလေသည်။

ဦးစိုင်းနောင် - ''မိန်းကလေးဒီအိမ်ကိုဘာလာလုပ်တာလဲ...ဦးသားကအခုမှနေကောင်းခါစဘဲရှိသေးတယ်...ကျေးဇူးပြု၍ဦးသားကိုမနှောင့်ယှက်ပါနဲ့...''

နန်းထိုက် - ''အန်ကယ်ကျမဒိကိုလာတာနောင့်ကိုနှောင့်ယှက်ဖို့မဟုတ်ပါဘူး...နောင့်ကိုလာတွေ့ချင်ရုံသက်သက်ပါဘဲ...''

ဒေါ်ယွန်း - ''ဒီမှာမိန်းကလေး..ငါတို့သားကမင်းကြောင့်စိတ်ဆင်းရဲခဲ့ရပြီးပြီး...နောက်ထပ်ငါတို့သားကိုထပ်မနှောင့်ယှင်ပါနဲ့...မင်းပြန်ပါတော့...''

နန်းထိုက်သူမဒီကိုလာတာနောင်နဲ့တွေ့ဖို့ပါဘဲပြီးရင်သူမနိုင်ငံခြားကိုအပြီးထွက်သွားတော့မှာ..''

နန်းထိုက် - ''အန်တီစိတ်ချပါ..ကျမနောင့်ကိူလာတွေ့ပြီးနှုတ်ဆက်ချင်ရုံပါဘဲဒါပြီးရင်ကျမနိုင်ငံခြားကိုအပြီးထွက်သွားတော့မယ်..''

ဦးစိုင်းနောင်တို့မှာလည်းနန်းထိုက်စကားကြောင့်သူမဘက်သို့လှည့်ကြည့်လာလေသည်။

ဦးစိုင်းနောင် - ''သားကအပေါ်ထပ်မှာရှိတယ်သူ့အခန်းကညာဘက်အစွန်ဆုံးအခန်း..''

နန်းထိုက် - ''ခွင့်ပြုပါအုန်းအန်ကယ်..''

နန်းထိုက်နောင်ရှိရာအခန်းသို့တက်လာခဲ့လေသည်။နောင်သူမသိပ်ချစ်ရတဲ့နောင်.....

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now