က၀ေပျိုရဲ့ချစ်နှောင်ကြိုး (part8)

288 22 0
                                    

မနက်အစောကြီးအိမ်ထဲတွင်ဆူညံသံများကြောင့်နောင်နဲ့အဖြူတို့နိုးလာခဲ့လေသည်။

ဦးစိုင်းနောင်တစ်ယောက်company ရဲ့အဓိကတင်သွင်းသည့်စက်ပစ္စည်းစက်ရုံမှာဗုံးပေါက်ကွဲသွားတာကြောင့်အလွန်ပင်စိတ်ညစ်နေလေသည်။...

ဒေါ်ယွန်းထက်၀တီ - ''ဖေကြီးကျမတို့တွေဘာဆက်လုပ်ကြမလဲ...companyရဲ့အဓိကစက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံကပေါက်ကွဲသွားပြီးကျမတို့companyတိူ့ဒေ၀ါလီခံရတော့မယ်နဲ့တူပါတယ်ကွယ်....''

ဦးစိုင်းနောင် - ''တစ်ခါမှအခုလိုမဖြစ်ဘူး...မိန်းမကိုစက်ရုံကိုသွားကြည့်အုန်းမယ်...''

ဦးစိုင်းနောင်တစ်ယောက်စိတ်ပျက်လက်ပျက်နဲ့ထွက်သွားလေသည်။..

နောင်တစ်ယောက်ကြားလိုက်ရတဲ့စကားတွေကြောင့်ပိုပြီးအံ့သြသွားလေသည်။

နောင် - ''စက်ရုံပေါက်ကွဲသွားတယ်....ဟုတ်လားမာမီ..''

ဒေါ်ယွန်း - ''သားနောင်..မာမီတို့ဘ၀တော့သွားပါပြီးကွယ်...မာမီတို့companyဒေ၀ါလီခံရတော့မယ်နဲ့တူပါတယ်ကွယ်...''

နောင်နဲ့အဖြူ - ''ဘယ်လို!!!!..''

နောင်တို့အဘိူးကိုယ်တိုင်တည်ထောင်ခဲ့တဲ့companyဒေ၀ါလီခံရတော့မယ်...မဖြစ်ဘူးငါ့အဘိုးcompanyဘယ်တော့မှဒေ၀ါလီမခံစေရဘူး...

နောင် - ''မာမီကျနော့်အဘိူးတည်ထောင်ထားတဲ့companyကိုဘယ်နည်းနဲ့မှမကျရှုံးစေရဘူး...ကျနော်ရအောင်လုပ်မယ်...''

ဒေါ်ယွန်း - ''သားနောင်..ဘယ်လဲ...''

အဖြူ - ''သမီးလိုက်သွားလိုက်ပါ့မယ်အန်တီ..''

အဖြူနောင့်နောက်ကိုလိုက်သွားလေသည်။..

အဖြူ - ''ကိုဘယ်သွားဖို့လဲ...''

နောင် - ''ကို့ဦးလေးဆီမှာအကူအညီသွားတောင်းမလို့...''

နောင်ပြောရင်းဆိုရင်းနဲ့အဖြူကိုခေါ်ကာဦးလေးကောင်းရှိရာအိမ်သို့ထွက်လာခဲ့လေသည်။

ဦးလေးဆီကိုရောက်တော့..

နောင် - ''ဦးလေးကောင်း...''

ဦးကောင်းဆက်လှိုင်း(ပင်လယ်လှိုင်းရဲ့ဖခင်)

ဦးကောင်းဆက်လှိုင်းတစ်ယောက်နောင်လာတာကိုမြင်တော့မျက်နှာပျက်သွားလေသည်။..

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now