က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part5)

313 22 0
                                    

အဖြူနောင့်ကိုဆွဲကာမလုပ်တော့ဖိူ့ကိုတားလေသည်။နောင်ဒေါသထွက်ရင်ကိုယ့်ကိုကိုယ့်နာကျင်အောင်လုပ်တတ်တာကိုသူမသိနေတာကြောင့်နန်းထိုက်ပန်းဆိုတဲ့မိန်းမရှေ့ကနေဆွဲခေါ်ထုတ်လာခဲ့တာ...နောင့်နဲ့အဲမိန်းမရဲ့ရေစက်ကဘယ်တော့မှကုန်နိုင်မလဲ..

အဖြူ - ''နောင်နင်တော်တော့လို့ငါပြောနေတယ်နော်...နင်ဒေါသထွက်တိုင်းအခုလိုဘဲလုပ်နေတာနင်မနာကျင်ပေမယ့်နင့်မိဘတွေကရင်ကွဲမတတ်ခံစားခဲ့ရပြီးပြီးဒါတောင်နင်ကအခုလိုတွေလုပ်နေတုန်းလားနောင်..နင်တော်သင့်ပြီး..''

အဖြူနောင့်မိဘတွေကိုထည့်ပြောလိုက်မှနောင်အုတ်ခုံအားထိုးနေတာကိုရပ်လိုက်လေသည်။နောင့်ကိုမနိုင်တော့ရင်အဖြူအမြဲတမ်းအခုလိုပင်ပြောလေ့ရှိသည်။နောင်ထိုးနေတာကိုရပ်တန့်ပြီးသူမဘက်သို့လှည့်ကြည့်လာလေသည်။

နောင် - ''အဖြူ..ငါဒီနေ့မတွေ့ချင်မမြင်ချင်တဲ့သူကိုမှတွေ့ခဲ့မိတယ်ငါသူ့ကိုအရမ်းမုန်းတယ်...ငါ့ဘ၀ကိုလိုက်ပြီးဒုက္ခတွေပြသာနာတွေစိတ်ဆင်းရဲမှုတွေကိုပေးနေတဲ့နန်းထိုက်ပန်းဆိုတဲ့မိန်းမကိုငါအရမ်းမုန်းတယ်!!!!...''

အဖြူ - ''နင်အဲမိန်းမကိုမုန်းတိုင်းအခုလိုဘဲကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်နေတော့မှာလား...နင့်ကိုယ်ကိုကိုယ်မသနားဘူးလားနောင်....''

နောင် - ''ငါအဲမိန်းမနဲ့ထပ်ပြီးမပတ်သက်ချင်တော့လို့ငါအဒေါ်နဲ့အတူနိုင်ငံခြားကိုလိုက်သွားခဲ့တာ...အခုတော့ကွာပြန်ရောက်တာတောင်၁လမပြည့်သေးဘူးအဲမိန်းမနဲ့ထပ်တွေ့ရတယ်ငါဘ၀ကအရမ်းကံဆိုးနေတာလားအဖြူ...နင်ပြောလေ..ငါ့ဘ၀ကအဲမိန်းမလက်ထဲမှာဘဲအဆုံးသတ်တော့မှာလား..''

အဖြူ - ''နောင်..နင်အဲမိန်းမနဲ့မတွေ့ချင်ဘူးဆိုရင်ငါတို့ပြန်ကြရအောင်.နော်..နင့်လက်ကဒဏ်ရာကိုဆေးခန်းပြဖို့လိုတယ်...''

နောင် - ''အဖြူ!!...နင်ငါမေးနေတာကိုဘာလို့မဖြေပေးတာလဲ...ဘာလဲငါကနင့်အတွက်အရေးမကြီးဘူးလား...''

အဖြူ - ''မဟုတ်ပါဘူးနောင်ရယ်..နင်ကငါ့အတွက်အရေးကြီးတဲ့သူတစ်ယောက်ပါဟာ...အခုငါတို့စကားဆက်ပြောနေရင်နင့်လက်ကဒဏ်ရာကပိုပြီးကိုက်ခဲလာလိမ့်မယ်....လာပါဟာငါတိူ့ဆေးခန်းသွားပြရအောင်...''

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now