က၀ေပျိုရဲ့ချစ်နှောင်ကြိုး (part14)

344 20 0
                                    

နောင်တစ်ယောက်အရူးတစ်ယောက်လိုခေါင်းတွင်တွင်ခါပြီးဆေးရုံသို့အပြေးတစ်ပိုင်းလာခဲ့လေသည်။..

နန်းမြအရေးပေါ်ခွဲစိတ်ခန်းရှေ့တွင်ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။

နောင်တစ်ယောက်ဆေးရုံကိုရောက်တော့ကောင်တာကနပ်စ်ကိုမေးပြီးခွဲစိတ်ခန်းရှိရာနေရာသို့ပြေးလာခဲ့လေသည်။

နန်းမြ - ''နောင်တမန်...အင့်..ဟင့်..ဟင့်အန်တီသူမလေးကိုကယ်ပါအုန်းကွယ်..''

နောင် - ''သူဘယ်လိုဖြစ်တာလဲ...''

နန်းမြ - ''အန်တီကြောင့်ပါကွယ်...အန်တီမင်းကိုနန်းထိုက်အနားကနေထွက်မသွားခိုင်းသင့်ဘူး...အားလုံးကအန်တီ့အမှားပါကွယိ...''

နန်းထိုက်အခုလိုဖြစ်ရတာသူထွက်သွားလို့ပေါ့...

နောင် - ''ကျနော်မှားတာပါအစကတည်းကသူမအနားကနေထွက်မသွားခဲ့သင့်ဘူး...မောင်မှားသွားပါတယ်မရယ်...မောင့်ဆီကိုပြန်လာခဲ့ပေးပါမ...''

ခွဲစိတ်ခန်းထဲကနန်းထိုက်မှာတော့သေမင်းနဲ့အသက်လုနေရလေသည်။

နန်းထိုက် - ''ငါဘယ်ကိုရောက်နေတာလဲ...''

အဖြူရောင် - ''မနန်းထိုက်ပန်း...''

သူမကိုခေါ်လိုက်တာကြောင့်အနောက်ကိုလှည့်ကြည့်လိုက်မိသည်။..

အဖြူရောင်ပင်..

နန်း - ''နင်..နင်အဖြူရောင်မဟုတ်လား...နင်ကသေသွားခဲ့ပြီလေ..''

အဖြူ - ''ဟုတ်တယ်ကျမသေသွားခဲ့ပြီးဒါပေမယ့်အခုချိန်ထိနောင့်အနားမှာရှိနေတုန်းဘဲ..''

နန်း - ''နောင်.....နောင်နန်းကိုထားသွားခဲ့ပြီး...''

အဖြူ - ''မနန်းထိုက်ပန်းအခုချိန်မှာနောင့်ဆီကိုပြန်သွားရင်မှီသေးတယ်...''

နန်းထိုက် - ''တို့သူ့ဆီသွားတော့ရောသူကလက်ခံမှာမဟုတ်ဘူးသူကတို့ကိုမုန်းနေတာလေတို့နောင့်ကြောင့်နာကျင်ရမှာကိုကြောက်နေမိပြီအဖြူရောင်..''

အဖြူ - ''မနန်းထိုက်ပန်း...ကျမပြောတာကိုသေချာနားထောင်ပေးပါ...နောင်အရင်တုန်းကအမပေါ်မှာမုန်းတီးကောင်းမုန်းတီးနေလိမ့်မယ်အခုချိန်မှာအမကသူ့အတွက်တော့မျှော်လင့်ချက်ရောင်ခြည်လေးဖြစ်နေခဲ့ပြီး...သူ့ဘ၀မှာအမမရှိလို့မဖြစ်တော့ဘူး...အမနောင့်ဆီကိုပြန်သွားလိုက်ပါဒီနေရာကအမရဲ့မူလနေရာမဟုတ်ဘူး..နောင့်ဆီပြန်သွားပြီးနောင့်ကိုအများကြီးချစ်ပေးပါ...အဖြူအမနဲ့အတူနောင့်ပျော်တာကိုဘဲမြင်ချင်တယ်...''

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now