က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part4)

313 23 0
                                    

ဖြန်း!!!

ဟင်!!

ဟာ!!

အဖြူနောင်ပါးရိုက်ခံရတာကြောင့်လန့်သွားကာနောင့်ပါးကိုဖွဖွလေးကိုင်ပြီး

အဖြူ - နောင်နင်အဆင်ပြေရဲ့လား..ဒီမှာအမ..ဘာလို့ညီမသူငယ်ချင်းကိုအသားလွတ်ပါးရိုက်လိုက်တာလဲ...''

နန်းထိုက် - ''ဒီမှာကောင်မလေးမင်းသူငယ်ချင်းကငါ့ကိုဒီစာနဲ့စော်ကားပြောဆိုလို့ပါးရိုက်လိုက်တာရှင်းပြီးလား..''

နန်းထိုက်ပြောရင်ထိုစာရွက်ခေါက်လေးအားထိုကလေးတွေဆီပစ်ထည့်လိုက်လေသည်။

နောင်သူ့ဆီကိုပစ်ထည့်လိုက်သောစာရွက်ခေါက်ကိုကြည့်ရင်း

နောင် -''ဒီမှာအမ..ကျနော်ကအမကိုဘာလို့စော်ကားရမှာလဲ...ကျနော်ကဒီစာရွက်ကိုမြင်လဲမမြင်ဖူးသလိုသိလည်းမသိဘူး...ကျနော်ကဒီနှစ်မှာuniကိုစတက်တာ....အမတို့ကကြီးနိုင်ငယ်ညှင်းလုပ်နေတာလား..ရတယ်ကျနော်မမှားတဲ့အတွက်အမတို့ကိုပါမောက္ခဆီကိုသွားတိုင်မယ်...တောက်!!!''

နောင်ထွက်သွားတော့အဖြူကပါနောင့်အနောက်ကနေလိုက်သွားလေသည်။..နန်းထိုက်ထိုကောင်လေးပြောသောစကားများကြောင့်သူလူမှားရိုက်မိသွားပြီးလားမသိရင်ထဲစိုးရိမ်စိတ်၀င်မိသွားခဲ့သည်။ခနနေတော့ဆရာမတစ်ယောက်ကနဲ့နန်းထိုက်တိူ့ကိုပါမောက္ခကခေါ်နေတာလို့ပြောကာနန်းထိုက်တို့အဖွဲ့ကိုပါမောက္ခရှိရာရုံးခန်းသို့ခေါ်သွားလေသည်။...

ပါမောက္ခ - ''ဘယ်လိုဖြစ်ရတာလဲသမီးတို့..ဒီကလေးကဒီနှစ်မှuniစတက်တာတစ်ပတ်တောင်မပြည့်သေးဘူး...သူဒီလိုလုပ်ပါ့မလား..သမီးတို့လူမှားသွားတာဖြစ်နိုင်သလား..''

နန်းထိုက် - ''သမီးလည်းစိတ်တိုနေလို့သမီးကိုစာပေးတဲ့လူနဲ့သူနဲ့ကပုံစံနည်းနည်းတူနေတာကြောင့်သမီးလူမှားသွားတာဖြစ်မယ်...သမီးတောင်းပန်ပါတယ်ပါမောက္ခ...''

ပါမောက္ခ - ''သမီးကိုစာပေးပြီးစော်ကားတာဘယ်သူလဲဆရာမကြီးကိုအဲစာရွက်ခနလောက်ပြကြည့်..''

နန်းထိုက် - ''ဟုတ်...ဟုတ်ကဲ့ပါမောက္ခ''

နန်းထိုက်ပါမောက္ခလက်ထဲသို့စာခေါက်လေးကိုပေးလိုက်လေသည်။ပါမောက္ခထိုစာရဲ့လက်ရေးကိုကြည့်ပြီး..

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now