က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part2)

367 25 0
                                    

အဖြူ - ''နောင်နင်မြန်မြန်လုပ်.....မပြီးသေးဘူးလား...''

နောင် - ''ပြီးပါပြီးဟ ...အား!!ကျွတ်ကျွတ်!!!''

နောင်တစ်ယောက်အဖြူလက်၀ါးစာမိထားတာကြောင့်ကျောကော့ကာအခန်းထဲမှထွက်လာခဲ့လေသည်။အဖြူကတော့နောင်ပုံစံကိုကြည့်ခစ်ခနဲခိုးရယ်တော့သည်။

နောင် -''အဖြူနင်မရယ်နဲ့အဲဒါနင့်ကြောင့်လေ...ငါနဲနဲမေ့သွားတာကို....နင်ကလေငါ့ကိုဆြော်ဖို့ဘဲချောင်းနေတယ်....အားလားလား''

အဖြူရယ်နေတာကိုရပ်ပြီးနောင့်ဆီကိုလျှောက်သွားကာ

အဖြူ -''နောင်ငါကနင့်ကိုအဲလိုလုပ်ချင်လို့မှမဟုတ်တာ...နင်ငါနဲ့ပတ်သက်တဲ့စကားတွေဆိုအမြဲတမ်းမေ့နေရောလို့လေအဲတာကြောင့်ငါနင့်ကိုနောက်တစ်ခါမမေ့ရအောင်သတိပေးလိုက်တာပါ....စိတ်မဆိုးပါနဲ့နော်...နော်..နော်..''

အဖြူကသူ့ရှေ့မှာမျက်နှာငယ်လေးနဲ့ပြောနေရှာသောကြောင့်နောင်တစ်ယောက်မစူပုတ်နိုင်တော့ဘဲချက်ချင်းပြုံးသွားကာသူမခေါင်းလေးအားညင်သာစွာပုတ်ပြီး

နောင် - ''ငါကနင့်ကိုဘယ်တုန်းကများစိတ်ဆိုးဖူးလို့လဲအဖြူရယ်...နင်ငါ့ကိုရိုက်တိုင်းငါစိတ်ဆိုးဘူးလို့လားပြော..''

အဖြူ - ''ဒီတခါငါရိုက်လိုက်တာလွန်သွားတယ်လေ...ငါ..''

နောင် - ''ရတယ်ဘာမဖြစ်ဘူးငါကျောနည်းနည်းနာရုံပါဘဲ...နင်စ်တ်မကောင်းမဖြစ်ပါနဲ့တော့...''

အဖြူ - ''ဒါပေမယ့်နင်ပုံစံကငါအတွက်စိတ်မသက်မသာဖြစ်စေတာဘဲနောင်...နင်ဒီမှာလာထိုင်လိုက်ပါ..ငါဆေးလိမ်းပေးမယ်...''

နောင်ကအဖြူစိတ်မကောင်းဖြစ်နေတာကိုသိနေတာကြောင့်ဘာမှမပြောတော့ဘဲသူမစကားကိုနားထောင်ကာဆိုဖာကူရှင်ပေါ်မှာထိုင်လိုက်လေသည်။ကျောကနာနေတာကြောင့်နောင်တစ်ယောက်ကူရှင်ပေါ်သို့မှီလို့မရပေ။တောင့်တောင့်ကြီးသာထိုင်နေရရှာသည်။

အဖြူဆေးသေတ္တာဘူးကိုအန်တီဆီကနေသွားတောင်းလာခဲ့ပြီးနောင်ရှိရာအပေါ်ထပ်သို့ပြေးတက်လာခဲ့လေသည်။ဆိုဖာကူရှင်ပေါ်မှာတောင့်တောင့်ကြီးထိုင်နေသောနောင်ကြောင့်သူမမျက်ရည်များကျမိတော့သည်။သူမရိုက်တာတော်တော်လွန်သွားတာကြောင့်ပင်။

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now