က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part12)

341 20 0
                                    

နောင်တစ်ယောက်အခန်းထဲ၌သူ့အားအတွင်းအလှများနဲ့မြူဆွယ်နေသောဆိုဖီယာကိုစိတ်ပျက်စွာကြည့်ပြီး

နောင် -''ဆိုဖီယာ..ငါဒီညစိတ်မပါဘူး..မင်းငါနဲ့၀ေး၀ေးနေပါ...''

နောင်ပြောပြီးဟိုတယ်ရဲ့လေကောင်းလေသန့်ရှုနိုင်တဲ့လသာဆောင်သို့ထွက်လာခဲ့လေသည်။...

နောင်ယူလာတဲ့စီးကရက်ဘူးထဲကနေစီးကရက်တစ်လိမ့်ကိုယူပြီးမီးညှိကာတစ်ရှိုက်ဖွာလိုက်လေသည်။...

ဆေးလိပ်ငွေ့များကလေထဲတွင်ပင်တဖြည်းဖြည်းပျောက်ကွယ်သွားတာကိုနောင်ကြည့်ပြီး...အဖြူလည်းသူ့ဘ၀ထဲကနေဆေးလိပ်ငွေ့တွေလိူဘဲပျောက်ကွယ်သွားတာအလွန်မြန်လွန်းနေသည်။အဖြူသေသွားတာကိုနောင်တစ်ယောက်အခုထိလက်ခံလို့မရသေးပေ။..အဆိုးဆုံးကအဖြူအငွေ့အသက်တွေကသူ့အနားမှာရှိနေသလိုခံစားနေရသည်။

နောင် - ''အဖြူ..မင်းဘယ်နေရာမှာဘဲရှိနေပါစေ..မင်းကကို့အတွက်တော့ထာ၀ရချစ်ရသူပါဘဲအဖြူရောင်...ကိုမင်းအရမ်းလွမ်းတာဘဲဖြူရယ်...မင်းသာကို့အနားမှာရှိနေရင်ကိုဆေးလိပ်သောက်နေတာကိုမင်းတားလိမ့်မယ်ဆိုတာကိုသိတယ်....''

ကောင်လေးတစ်ယောက်မသိသည်ကသူ့ဘေးနားမှာအရိပ်လိုလိုအငွေ့လိုလိုပုံရိပ်တစ်ခုကသူ့အားသိုင်းဖက်ထားသည်ကိုပင်...

''အဖြူရောင်...နောင့်ကိုထားသွားချင်လို့ထားသွားခဲ့တာမဟုတ်ပါဘူးနောင်ရယ်...အဖြူလေနောင့်နဲ့အတူတူဘ၀ကိုဖြတ်သန်းချင်ခဲ့တာ...ဒါပေမယ့်အဖြူအဲဒီမျှော်လင့်ချက်ကိုအကောင်ထည်မဖော်ထည်နိုင်ခဲ့ဘူး...နောင်ရယ်အဖြူလေနောင့်အနားကနေဘယ်ကိုမှထွက်မသွားနိုင်ဘူး..နောင့်ကိုအရမ်းချစ်တယ်နောင်ဟိုမိန်းမနဲ့လက်ထပ်လိုက်တာအဖြူနားလည်ပေးနိုင်ပါတယ်နောင်ရယ်...ဒါပေမယ့်အဖြူမဟုတ်တဲ့အဲမိန်းမနဲ့နောင်အတူအိပ်နေတာကိုအဖြူနားလည်ပေးလို့မရခဲ့ဘူးနောင်...''

၀ိဉာဏ်မလေးရဲ့သံယောဇဥ်နှောင်ကြိုးလေးကနောင့်အပေါ်မှာတဖြည်းဖြည်းနဲ့အမြစ်တွယ်ကပ်လာလေသည်။

နန်းထိုက်တစ်ယောက်နာရီကိုကြ်ည့လိူက်တော့ည၁၂နာရီပင်ရှိနေလေပြီး...သူမအိပ်ပျော်သွားခဲ့တာညနေကတည်းကပင်...

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now