က၀ေပျိုရဲ့ချစ်နှောင်ကြိုး (part13)

333 20 0
                                    

မနက်မိုးလင်းတော့..နန်းထိုက်တို့မမျှော်လင့်ထားတဲ့သူ..ရောက်လာခဲ့သည်။

ဟုတ်ပါသည်တီလေးမြပင်..

တီလေးမြရောက်ရောက်ချင်းပင်မောင့်ကိုပါးရိုက်လေသည်။

ဖြန်း!!!

နောင် - ''အန်တီဘာလို့ကျနော့်ကိုပါးရိုက်တာလဲ...''

နန်းမြ - ''မင်းရဲ့အပြစ်ကိုမင်းသိမှာပေါ့..ညကဘယ်သွားနေတာလဲ...ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့နောင်တမန်...''

နောင် - ''အန်တီကကျနော့်နောက်ကိုလိုက်ချောင်းနေတာလား..''

နန်းမြ -''မင်းငါမေးနေတာကိုဘဲဖြေညကငါ့သူမကိုထားပြီးဘယ်ကိုသွားနေတာလဲ..''

နန်းမြတစ်ယောက်သူမရှေ့မှာမို့လို့နောင်တစ်ယောက်ကောင်မလေးတစ်ယောက်နဲ့အတူဟိုတယ်သွားတာကိုမပြောပေ။

သူမဖြစ်သူစိတ်ဆင်းရဲမှာကိုသူမလိုလားပေ။

နောင် -''ကျနော်အပြင်ခနသွားတာပါ...''

နန်းထိုက် - ''တီမြ သူညကအပြင်ကိုဘဲသွားတာပါ...''

နောင် - ''ကျနော့်ကိုမယုံကြည်လို့လားအန်တီ''

နန်းမြ - ''ငါမင်းနဲ့၂ယောက်ထဲစကားပြောချင်တယ်နောင်တမန်...''

နန်းမြပြောပြီးအခန်းထဲ၀င်သွားလေသည်။
နောင်တစ်ယောက်အခန်းထဲကိုလိုက်၀င်လာခဲ့လေသည်။

နန်းမြ - ''မင်းငါ့ကိုကတိပေးထားခဲ့တာမေ့သွားပြီးလား...''

နောင် - ''ကျနော်မမေ့ပါဘူး...ကျနော့်ကိုသူမပျော်ရွှင်ဖို့အတွက်အန်တီသူမကိုလက်ထပ်ခိုင်းခဲ့တယ်လို့ကျနော်ထင်တယ်..ဒါပေမယ့်သူမကိုယ်တိုင်ကကျနော့်ကိုလိုချင်နေခဲ့လို့အန်တီကိုအတင်းအကြပ်တောင်းဆိုခဲ့တာမလား...''

နန်းမြ - ''နောင်တမန်!!!မင်းငါ့သူမအချစ်ကိုဘယ်တုန်းကမှမမြင်ခဲ့ဘူး..မင်းငါ့သူမအချစ်ကိုစော်ကားတယ်..ငါ့သူမကမင်းကိုအရမ်းချစ်တာ...မင်းကငါ့သူမရဲ့အချစ်တွေကိုမြင်အောင်မကြည့်ပေးခဲ့ဘူး..မင်းကအတ္တတွေနဲ့်နန်းထိုက်အပေါ်မှာအပစ်ပုံချခဲ့တယ််....ငါ့သူမကိုမင်းနဲ့လက်ထပ်ပေးမိတာငါမှားပြီးနဲ့တူတယ်..''

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Wo Geschichten leben. Entdecke jetzt