က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part10)

326 23 0
                                    

နန်းမြရဲ့စကားကြောင့်နောင်တစ်ယောက်စဥ်းစားနေလေသည်။...သူသာနန်းထိုက်ကိုလက်ထပ်လိုက်ရင်companyကိုလည်းပြန်လည်ထူထောင်နိုင်လိမ့်မယ်...

#''ငါသူ့ကိုမုန်းတယ်ဒါပေမယ့်ငါ့မိဘတွေအတွက်ငါကြည့်ရအုန်းမယ်...အဖြူကို့ကိုခွင့်လွှတ်ပေးပါနော်ကို့အဘိူးတည်ထောင်ခဲ့တဲ့companyကိုတော့မပိတ်သိမ်းချင်ဘူး..ကိုနန်းထိုက်ကိုလက်ထပ်ပါရစေအဖြူ...''

နောင် - ''ကျနော်....အန်တီပြောတာတွေကိုလက်ခံတယ်...''

နန်းမြနောင်တမန်ဆီကကြားလိုက်ရတဲ့စကားတွေကြောင့်သူမပျော်သွားလေသည်။

နန်းမြ - ''ကောင်းပြီးလေနက်ဖြန်ငါတူမလေးနဲ့အတူမင်းတရား၀င်လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပေးရမယ်...ပြီးရင်ငါတူမနဲ့အတူနိုင်ငံခြားကိုထွက်သွားဖို့ပြင်ဆင်ထား..''

နောင် - ''ဒါပေမယ့်ကျနော်မိဘတွေ..''

နန်းမြ - ''မင်းမိဘတွေအတွက်စိတ်မပူပါနဲ့ငါတစ်ယောက်လုံးရှိတယ်...မင်းသာငါ့တူမကိုပျော်အောင်ထားပေး...''

နောင် - ''ပျော်ရွှင်အောင်ထားပေး...ရတယ်လေကျနော်ထားပေးမယ်...ဒါပေမယ့်ချစ်ခြင်းကြောင့်ပျော်ရွှင်တဲ့ပျော်ရွှင်မှုမျိုးတော့မဟုတ်ဘူးနော်...''

နန်းမြ - ''ငါသူမကိုမင်းဘာကြောင့်မချစ်နိင်ရတာလဲနောင်တမန်..''

နောင် - ''မုန်းနေတဲ့လူတစ်ယောက်ကိုချစ်တတ်အောင်သင်ပေးဖို့ကအရမ်းခက်ခဲတယ်အန်တီ...ကျနော့်ကိုခွင့်ပြုပါအုန်း.နက်ဖြန်ကျရင်ကျနော်ဆက်ဆက်လာခဲ့ပါ့မယ်...''

နန်းမြ - ''ဂရုစိုက်ပြန်ပါနောင်တမန်...''

နောင်ထွက်သွားသည်ကိုမြင်တော့နန်းထိုက်က

နန်းထိုက် - ''တီလေးသူ့ကိုဘာတွေပြောလိုက်တာလဲ...''

နန်းမြ - ''သမီးနက်ဖြန်ကျရင်နောင်တမန်လည်းသမီးနဲ့အတူနိုင်ငံခြားကိုလိုက်သွားမယ်..''

နန်းမြကပြုံးပြီးသူမကိုပြောလာလေသည်။

ဒေါ်လေးမှာနန်းထိုက်အကြောင်းသိနေတာကြောင့်နောင့်ကိုနန်းထိုက်နဲ့အတူနိုင်ငံခြားကိုထည့်သွားဖို့စီစဥ်နေတာပင်...

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now