က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part17)

326 19 0
                                    

မနက်ခင်းနိုးလာတော့ဘေးနားကမြင်နေကြမောင့်မျက်နှာလေးကိုမမြင်တွေ့ရတာကြောင့်နန်းတစ်ယောက်ထလိုက်တော့သည်။

နန်း - ''မောင်...မောင်ရေ..''

နန်းတစ်ယောက်ခေါ်လည်းခေါ်အခန်းပြင်ကိုပါထွက်လာခဲ့လေသည်။..မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေသောမောင့်ကိုတွေ့မှလူကရင်ထဲကအပူလုံးကြီးကျသွားလေသည်။ချက်ပြုတ်ဖို့အတွက်ပြင်ဆင်နေသောမောင့်အနားသို့တဖြည်းဖြည်းချင်းတိုးကပ်လာခဲ့ပြီးမောင်ကျောပြင်ကိုမျက်နှာအပ်ပြီးဖက်ထားလိုက်လေသည်။

နောင်အနောက်နွေးထွေးစွားထွေးဖက်ထားတဲ့မကြောင့်အလိုလိုနေရင်ပြုံးလာမိပြီးသူမလက်လေးကိုနောင့်လက်နဲ့ထပ်ကိုင်ပြီး..

နောင် - ''မ နိုးလားပြီးလား...''

နန်း - ''မောင်ကမအနားမှာမရှိတော့မအိပ်လို့မရတော့ဘူးလေ...''

နောင် - ''ဟားဟား..မောင့်ဇနီးလေးအရမ်းချွဲတတ်တာဘဲနော်...မောင်ကမနိုးလာခဲ့ရင်အဆင်သင့်စားလို့ရအောင်ချက်ပြုတ်နေတာပါ..''

နန်း - ''မောင်ကဒီလိုတွေလဲချက်ပြုတ်တတ်တာဘဲလား..''

နောင် - ''မကမောင့်ကိုအထင်သေးတာလား..မောင်Usမှာနေခဲ့တုန်းကပညာအစုံသင်ထားခဲ့တာနော်...မောင့်ကိုအထင်မသေးနဲ့အလုပ်နဲ့သက်သေပြမယ်ခနစောင့်...အခုတော့ချက်ပြုတ်လိုက်အုန်းမယ်..''

နန်း - ''ok..မစောင့်နေမယ်...မရဲ့မောင်ကဘယ်လောက်တော်လဲမကြည့်ရတာပေါ့..''

နောင် - ''ဟုတ်ပြီးဗျာအဲဆိုဟိုးစာပွဲသွားထိုင်စောင့်နေပေးပါနော်..''

နောင်ကမကိုထမင်းစားစားပွဲကိုလက်ညှိုးညွှန်ပြပြီးပြောလိုက်လေသည်။မကနောင့်ရဲ့ပါးကိုအနမ်းပေးပြီးနောက်စားပွဲရှိရာသိူ့ထွက်သွားလေသည်။နောင်တစ်ယောက်မအတွက်အထူးသီးသန့်မနက်စာလေးကိုသေချာပြင်ဆင်ကာချက်ပြုတ်ပေးတော့သည်။

ချွေးတလုံးလုံးနဲ့ချက်ပြုတ်ပေးနေသောမောင့်ကိုကြည့်ပြီးနန်းတစ်ယောက်ရင်ထဲ၌ကြည်နူးနေမိသည်။...မောင်ကအခုဆိုသူမအပေါ်တဖြည်းဖြည်းနဲ့ကြင်နာလာခဲ့ပြီး..မောင့်အမုန်းတွေဟာလည်းသူမရဲ့အချစ်တွေကြောင့်မုန်းရိပ်တွေပြယ်ပျောက်သွားခဲ့ပြီး..သေချာချက်ပြုတ်နေသောမောင့်ကိုကြည့်နေရင်းသူမဆီသို့ဖုန်း၀င်လာခဲ့လေသည်။

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Donde viven las historias. Descúbrelo ahora