က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part19)

343 24 0
                                    

နောင် - ''သမီးလေးရေထတော့..ဒီနေ့ကျောင်းသွားရမယ်လေ..''

ခရာ - ''ပါးပါး..မီးမီးအိပ်ချင်သေးတယ်''

နောင် - ''သမီးမားမားစိတ်ဆိုးလိမ့်မယ်..ပါးသမီးကလိမ္မာပါတယ်ကွယ်ထတော့နော်...''

ခရာ - ''ဟုတ်ပါး..''

နန်း - ''မောင့်သမီးလို့ကိုမပြောရဘူးနော်မောင်နိုးတာနဲ့ချက်ချင်းတန်းထတော့ဘဲ...''

နောင် - ''မရယ်သမီးကမစကားကိုလည်းနားထောင်ပါတယ်ကွာ..ဟုတ်တယ်မလားသမီး...''

ခရာ - ''ခရာကမားမားကိုရောပါးပါးကိုရော၂ယောက်လုံးကိုချစ်တာ...မွ...မွ..''

နောင် - ''အမယ်ချွဲနေပြန်ပါပြီး..ကဲလာပါးပါးမျက်နှာသစ်ပေးမယ်...''

နန်းကတော့မောင်နဲ့သမီးဖြစ်သူကိုကြည့်ပြီးသဘောကျနေတော့သည်။သမီးလေးသိတတ်စအ၇ွယ်ကတည်းကမောင့်နားကိုပင်ကပ်ချွဲတော့သည်။သူ့ကိုမွေးပေးထားတဲ့နန်းကိုတောင်မောင့်လောက်မချွဲပေ။..နန်းသိလိုက်တာတစ်ခုကအဖြူရောင်၀င်စားတဲ့သမီးလေးဟာမောင့်ကိုအရမ်းသံယောဇဥ်ရှိလေသည်။နန်းသမီးလေးရဲ့ကျောင်းလွယ်အိတ်ထဲသေချာပြင်ဆင်ထည့်ပေးပြီးတော့ထမင်းချိုင့်လေးယူကာကားပေါ်သို့တက်သွားလေသည်။မောင်နဲ့သမီးကတော့အနောက်ကနေရယ်မောပြီးလိုက်လာခဲ့လေသည်။

နောင် - ''သမီးလေးမားမားဆီကိုသွားလိုက်ပါးပါးကားမောင်းရမယ်...''

ခရာ - ''မီးမီးကပါးပါးနဲ့ထိုင်မှာ...မသွားဘူး..''

နန်း - ''နောင်ခရာ!!မားမားမဆူချင်ဘူးနော်လာဆိုလာလိုက်...''

ခရာ - ''ဟုတ်မားမား..''

နောင်ကတော့ခေါင်းခါရင်းနဲ့သာရယ်မိတော့သည်။သမီးဖြစ်သူနောင်ခရာကခေါင်းမာသလိုမကလည်းဒေါသကြီးလေသည်။တော်တော်လိုက်တဲ့သားအမိတွေပင်..
သမီးလေးကတော့မရဲ့ဒေါသကိုကြောက်တာကြောင့်မပေါင်ပေါ်မှာငြိမ်ကုတ်နေလေသည်။
ဒီလိုတော့လည်းသမီးလေးကတကယ့်သနားစရာလေးပင်...နောင်တို့သမီးလေးကိုကိုယ်ပိုင်ကျောင်းမှာထားကြသည်။

ကျောင်းကိုရောက်တော့နောင်ရောမပါသမီးလေးကိုကျောင်းထဲထိလိုက်ပို့ပေးလေသည်။

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now