က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part15)

338 20 7
                                    

နောင်တမန်နိုးလာတော့မြင်ကွင်းထဲမှာဘယ်အရာကိုမှမမြင်ရလောက်အောင်ထိမှောင်မဲနေလေသည်။

နောင်တစ်ယောက်မူး၀ေနေတဲ့ခေါင်းကိုတွင်တွင်ခါပြီးမတ်တပ်ထရပ်ဖို့လုပ်လေသည်။

သို့သော်တစ်စုံတစ်ခုသောအရာတွေကသူ့အားထလိူ့မရအောင်ဆွဲထားလေသည်။..

သံကြိုးများပင်...နောင့်ရဲ့လက်နှစ်ဖက်လုံးကိုသံကြိုးတွေနဲ့ချည်နှောင်ထားလေသည်။ခြေထောက်တွင်လည်းသံကြိုးတွေကထမရအောင်ချည်ထားလေသည်။

မင်းနန္ဒ - ''မင်းရုန်းနေလဲအပိုဘဲ...''

နောင်တမန်တစ်ယောက်သူရှေ့တည့်တည့်ကိုလျှောက်လာတဲ့ထိုလူကိုကြည့်ပြီး..

နောင်တမန် - ''မင်းနန္ဒ!!!...ငါ့မိန်းမဘယ်မှာလဲ...ငါ့မိန်းမကိုအခုထုတ်ပေးစမ်း...''

မင်းနန္ဒ - ''နောင်တမန်..C & N companyရဲ့ceo ဦးစိုင်းနောင်ရဲ့သမီး..ဟုတ်တယ်မလား..''

နောင်တမန် - ''မင်းနဲ့ဘာဆိုင်လို့ငါတိူ့မိသားစုအကြောင်းကိုစပ်စုနေတာလဲ....ငါ့မိန်းမကိုအခုထုတ်ပေးစမ်းမင်းနန္ဒ....''

မင်းနန္ဒ - ''ငါချစ်တဲ့သူကိုလုယူသွားတဲ့မင်းတို့မိသားစုအကြောင်းကိုတော့ငါစုံစမ်းသင့်တယ်လို့ထင်တယ်...မင်းသိလား..ငါလေနန်းထိုက်ပန်းဆိုတဲ့မိန်းမကိုဟိုအရင်ကတည်းကကြိတ်ပြီးချစ်နေခဲ့ရတာ...ဒါပေမယ့်နန်းထိုက်ပန်းဆိုတဲ့အတိုင်းနန်းထိုက်တဲ့တော်၀င်ပန်းတစ်ပွင့်ကိုငါ့လိုအမှိုက်ကောင်ကဘယ်လိုလုပ်လက်လှမ်းလို့မှီပါ့မလဲ...အဲချိန်တုန်းကငါသူ့ကိုချစ်ရေးဆိူခဲ့တယ်..ဒါပေမယ့်သူငါ့အချစ်ကိုလက်မခံတဲ့အပြင်လူလယ်ခေါင်မှာတောင်ငါ့အချစ်ကိုစော်ကားပြီးငါ့ကိုပါအရှက်ခွဲခဲ့တာကွ....နန်းထိုက်ပန်းဆိုတဲ့မိန်းမကြောင့်ငါလူကြားထဲမ၀င်ရဲတော့လောက်အောင်ထိဖြစ်ခဲ့ရတာ...ငါဒီတခါသူမရှေ့ကိုအမှိုက်ကောင်တစ်ယောက်အနေနဲ့မဟုတ်ဘဲသူဌေးကြီးဦးကောင်းမြတ်ရဲ့သားမင်းနန္ဒတစ်ယောက်အနေနဲ့လာခဲ့ပေမယ့်ငါနောက်ကျသွားခဲ့ပြီး...ဘာမဟုတ်တဲ့မင်းလိုကောင်ကိုသူလက်တွဲဖော်အဖြစ်ရွေးချယ်သွားတာငါရင်နာတယ်ကွ...အဲဒီတော့မင်းကိုသူမအနားကနေအ၀ေးကိူထွက်သွားအောင်ငါလုပ်မယ်....ရှင်းရှင်းပြောရရင်မင်းသူမဘ၀ထဲကနေအပြီးပိုင်ထာ၀ရထွက်သွားစေရမယ်နောင်တမန်...ဟားဟားဟား..''

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now