က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part7)

295 21 0
                                    

ရှင်!!!

အဖြူရောင်နောင်တမန်ဆီကကြားလိုက်ရတဲ့စကားကြောင့်၀မ်းသာမိပေမယ့်...သူမ၀မ်းနည်းတာကနောင်သူမကိုအသုံးချမှာကိုပင်...

အဖြူမျက်နှာမကောင်းတာကိုတွေ့ရတာကြောင့်နောင်တစ်ယောက်ပြာယာခတ်သွားလေသည်။

နောင် - ''အဖြူ နင်ဘာဖြစ်လို့လဲ...ငါပြောလိုက်တဲ့စကားကြောင့်လား...ငါတောင်းပန်ပါတယ်ငါနင့်ကိုအရမ်းချစ်လို့အခုလိုဖွင့်ပြောလိုက်တာပါ..တကယ်လို့ငါဒီနေ့မှဖွင့်မပြောရင်နင့်အချစ်တွေကိုငါမပိုင်ဆိုင်မှာစိုးလို့ပါနော်...''

အဖြူ - '' မဟုတ်ပါဘူး...နင့်ချစ်တယ်ပြောတာကိုငါလက်ခံတယ်..''

နောင် - ''တကယ်!!!''

အဖြူ - ''အင်း..ဒါပေမယ့်ငါကြောက်တယ်နောင်..နင်ငါ့ကိုအသုံးချပြီးချစ်တယ်ပြောမှာကိုငါကြောက်နေမိတယ်...''

နောင် - ''ငါကနင့်ကိုဘာလို့အသုံးချပြီးချစ်ရမှာလဲအဖြူ...''

အဖြူ - ''နင်နန်းထိုက်ပန်းကြောင့်ငါ့ကိုချစ်တယ်ပြောမှာစိုးလို့ပါ..''

နောင် - ''လာပြန်ပြီးဒီမိန်းမ..အဖြူငါကနင့်ကိုအဲမိန်းမကြောင့်ချစ်တယ်လို့ပြောတယ်လို့နင်ထင်နေတာလား...ငါကနင့်ကိုချစ်တယ်ဆိုတာဟိုးအရင်ကတည်းကဘဲ..ပြောရရင်နဲ့အဲမိန်းမနဲ့မတွေ့ခင်ကတည်းကဘဲသိလားး....''

အဖြူ - ''ငါကနင်နန်းထိုက်ပန်းကြောင့်ငါ့ကိုချစ်တယ်ပြောတယ်ထင်နေတာ...နန်းထိုက်ပန်းကလည်းနင့်ကိုသဘောကျနေတာလေ..အဲကြောင့်ပါ..''

နောင် - ''ငါသူ့ကိုစိတ်မ၀င်စားဘူးအဖြူချစ်ဖို့ဆို၀ေးသေး...ငါချစ်တာနင့်ကိုဘဲအဖြူရောင်...ငါ့နှလုံးသားလေးရဲ့အရှင်သခင်မလေးဟာနင်ဘဲ...ငါ့ကိုပြန်ချစ်ပေးနိုင်မလားဟင်...''

အဖြူ - ''ခနကဘဲလက်ခံပြီးပြီးဟာပြောဖို့လိုသေးလို့လားနောင်.....''

နောင် - ''အဖြူကလည်းအဲဒါနမ်းတာလေအဖြူကကို့ကိုချစ်တယ်မှမပြောရသေးတာကို..နော်ချစ်တယ်လို့ပြောပေးပါနော်ချစ်လေးနော်...''

အဖြူ - ''အင်း...ချစ်တယ်ကို.''

နောင် -''ဟား..ဟား..နောက်ဆုံးတော့ငါရဲ့နတ်သမီးလေးဆီကချစ်တယ်ဆိုတဲ့စကားကိုကြားရပြီး...ရေး!!!....''

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Donde viven las historias. Descúbrelo ahora