က၀ေပျိုရဲ့ချစ်နှောင်ကြိုး(part20)

700 28 0
                                    

ဒီနေ့ပိတ်ရက်ဖြစ်တာကြောင့်နောင်တို့သမီးလေးကိုကစားကွင်းသို့လိုက်ပို့ပေးလေသည်။

ခရာ - ''ပါးပါးသမီးရေခဲမုန့်စားချင်တယ်..''

နောင် - ''လာပါးပါးတို့ရေခဲမုန့်သွား၀ယ်ကြမယ်...''

နောင်သမီးလေးကိုပွေ့ချီပြီးရေခဲမုန့်ဆိုင်ရှေ့သို့ရောက်လာခဲ့လေသည်။

နောင် - ''သမီးလေးကဘာနဲ့စားမှာလဲ..ချောကလက်လားစတော်ဘယ်ရီလား''

ခရာ - ''ချောကလက်နဲ့စားမယ်..''

သမီးလေးစကားကြောင့်နောင်ပြုံးမိသွားသည်။အဖြူရောင်လည်းရေခဲမုန့်စားရင်ချောကလက်ကိုဘဲမှာလေ့ရှိသည်။

နောင် - ''ဟုတ်ပြီး..အမကျနော့်ကိုချောကလက်တစ်ခွက်ပေးနော်''

ဆိုင်ရှင် - ''ဟုတ်ကဲ့ရှင့်..ခနလေးစောင့်ပေးနော်..''

နောင် - ''ဟုတ်ကဲ့...''

နောင်တို့သားအဖရေခဲမုန့်ဆိုင်ဘေးကခုံတန်းလေးမှာထိုင်စောင့်နေလေကြသည်။

နန်း - ''မောင် ''

နောင် - ''မသမီးလေးအတွက်အနွေးထည်ပါလာလား.''

နန်း - ''အမလေးရှင်ကကျမကိုကျစိတ်မပူဘူးသမီးလေးအတွက်ကိုဘဲကြည့်နေတာနော်..ဟွန့်..''

နောင် - ''မကလည်းမောင်ကမကိုလည်းစိတ်ပူတာပါနော်..''

ခရာ - ''ဟုတ်တာဘဲမားမားကလည်းပါးပါးကညညဆိုမားမားကိုအမြဲတမ်းစောင်ခြုံပေးနေကြ...''

နောင် - ''တော်လိုက်တဲ့ပါးသမီး..''

နန်း - ''တော်အတိုင်ဖောက်ညီတဲ့သားအဖဘဲ..''

လရောင် - ''နောင်ခရာနင်လည်းကစားကွင်းမှာလာကစားတာလား...ငါတို့အတူတူဆော့ရအောင်...''

ခရာ - ''ငါရေခဲမုန့်စားအုန်းမှာ...''

လမင်း - ''သားလရောင်..ဘာလို့အတင်းပြေးသွားရတာလဲမတော်လို့မာမီတို့နဲ့ကွဲသွားရင်ဘယ်လိုလုပ်မလဲ..''

လရောင် - ''သားတောင်းပန်ပါတယ်မာမီ..''

နောင် - ''ညီမရဲ့သားလား..''

လမင်း - ''ဟုတ်ကဲ့....ဟိုတနေ့ကမတော်တဆတိုက်မိသွားတဲ့အကိုမလား..''

You've reached the end of published parts.

⏰ Last updated: Aug 04, 2023 ⏰

Add this story to your Library to get notified about new parts!

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now