က၀ေပျိုရဲ့ချစ်နှောင်ကြိုး (part6)

303 24 0
                                    

နောင်တစ်ယောက်အမ၀မ်းကွဲရဲ့ဆေးခန်းရှေ့မှာကားရပ်လိုက်ပြီးကားပေါ်ကနေဆင်းကာအဖြူနဲ့အတူဆေးခန်းထဲကို၀င်လာခဲ့လေသည်။

ဆေးခန်းထဲကို၀င်လာသောသူကြောင့်ပျိုမဒီလှိုင်းတစ်ယောက်အံ့သြ၀မ်းသာသွားလေသည်။

ပျိုမဒီလှိုင်း{ပင်လယ်လှိုင်းရဲ့အမကြီး}

ပင်လယ်လှိုင်းကိုသိကြသေးတယ်မလား
(လရောင်လွှမ်းသောချစ်ပင်လယ်ဇာတ်လမ်းကရေမင်းသားပင်လယ်လှိုင်းလေ)

မဖတ်ရသေးတဲ့သူတွေ''ပင်လယ်ပြင်မှချစ်ခြင်းဖွဲ့တည်သောလမင်းငယ်(or)လရောင်လွှမ်းသောချစ်ပင်လယ်''ဆိုတဲ့ficမှာဖတ်ရှုပေးကြပါနော်

ပျို - ''ဟယ်ငါ့မောင်နောင်တမန်နင်ဘယ်တုန်းကပြန်ရောက်လာတာလဲ..ငါတို့ကိုလည်းမပြောဘူးနော်...နောင်မောင်လေးနင့်လက်!!!...လာ...လာအမဆေးထည့်ပေးမယ်..''

ပျိုမဒီတစ်ယောက်မောင်၀မ်းကွဲဖြစ်သူကိုတွေ့ရတာကြောင့်၀မ်းသာမယ်ရှိသေးလက်ကဒဏ်ရာကိုတွေ့သွားတာကြောင့်ချက်ချင်းစကားစဖြတ်ပြီးနောင့်လက်ကဒဏ်ရာကိုဆေးထည့်ပေးလေသည်။

ပျို - ''ဘယ်လိုဖြစ်ရတာလဲနောင်ရယ်...လက်ကဒဏ်ရာကိုဘာလို့အဲလောက်တောင်များရတာလဲ..''

အဖြူ - ''ဘယ်လိုဖြစ်ရမှာလဲမမပျိုရဲ့သူလူတစ်ယောက်ကိုစိတ်တိုတိုင်းအခုလိုဘဲကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်တယ်လေ...''

နောင် - ''အဖြူ!!''

အဖြူ - ''ငါပြောတာမှားလို့လားနောင်..နင်အဲမိန်းမနဲ့ပတ်သက်ရင်အခုလိုဘဲကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်နေကြလေ...''

ပျို -''အဲမိန်းမ...နောင်အဲမိန်းမဆိုတာဘယ်သူလဲ...''

နောင် - ''ကျနော့်ကိုကျောင့်တုန်းကနှောင့်ယှက်နေတဲ့တစ်ယောက်ပါမမပျို..''

ပျိုတစ်ယောက်နောင်ပြောသောသူကိုမသိတာကြောင့်ဘာမှထပ်မမေးတော့ပေ။

နောင် - ''မမပျို....ကိုလှိုင်းတစ်ယောက်အိမ်ကိုပြန်လာပြီးလား..ကျနော်ကိုလှိုင်းသတင်းကြားတာစိတ်မကောင်းလိုက်တာ..''

ပျို - ''ပြန်မလာဘူးနောင်...မောင်လေးလှိုင်းမမတို့ကိုစိတ်နာပြီးထွက်သွားခဲ့တာ၅နှစ်ရှိပြီး..သူ့ကိုအမတို့နေရာအနှံ့လိုက်ရှာခဲ့ပေမယ့်အမတို့မတွေ့ခဲ့ဘူး...မမတို့အဘိုးဦးဒီပကဆက်သွယ်လာပီးပြောပြလို့အမတို့သိခဲ့ရတာ..''

က၀ေပျိုရဲ့ချစ်နှောင်ကြိုး(or)နာကျည်းသောအမုန်းကြားကအချစ်စစ်Where stories live. Discover now