Darkness🤍

60 3 0
                                    

Darkness

အရမ်းငိုရတယ်။
မျက်ရည်စက်တွေက နင့်နင့်သီးသီးခံစားချက်တွေနဲ့အတူကျဆင်းနေတာ။ကျွန်မရဲ့မျက်ရည်စက်တွေကသူမဝတ်နေကျရှပ်အင်္ကျီလေးကိုပေကျံကုန်ကြတယ်လေ။

အဲ့ဒီကောင်မလေးရဲ့ရှပ်အင်္ကျီကိုကျွန်မယူဝတ်နေကျဖြစ်တာမို့လို့ အခုလည်းဝတ်ဆင်ထားမိရင်းငိုကြွေးနေမိတာ။ကျွန်မငိုရတာအဲ့ဒီကောင်မလေးကြောင့်....။

ကျွန်မကိုလက်ထပ်သိမ်းပိုက်ထားတဲ့အဲ့ဒီကောင်မလေးကြောင့် ရှိုက်ကြီးတငင်ငိုကြွေးမိရင်း ကျွန်မရဲ့ရင်ဘတ်ထဲမှာစူးစူးရှရှနာကျင်ခံစားနေရတယ်။

နာကျင်စူးရှနေတဲ့ကျွန်မရဲ့ရင်ဘတ်ကိုလက်ကလေးနဲ့ဖိထားရင်း ကျွန်မကိုဖက်ထားပေးတဲ့အဲ့ဒီကောင်မလေးရဲ့ရင်ခွင်ထဲမှာငြိမ်နေမိတယ်။

အရမ်းစူးရှနာကျင်နေရတဲ့နှလုံးသားကြောင့်မကြာခင်မှာကျွန်မဟာပိန်းပိတ်အောင်မှောင်မိုက်နေတဲ့အမှောင်ထုထဲပြုတ်ကျသွားရတော့မယ်ထင်မိတယ်။

ကျွန်မရဲ့ရင်ခုန်နှုန်းတွေရပ်တန့်လုမတတ်ဖြစ်နေပြီးရင်ဘတ်ထဲမှာစူးစူးရှရှနာကျင်နေရတယ်။ပြီးတော့ ကြောက်လည်းကြောက်တယ်။သိပ်ကိုမှောင်မိုက်နေတဲ့နေရာကို ကျွန်မရောက်နေခဲ့တာ။

"အဲ့ဒီအမှောင်ထုထဲက ကျွန်မကိုကယ်တင်လှည့်ပါဟန်နီ"

Avery Yint Han

To My GirlfriendWhere stories live. Discover now