Part -1

4K 198 75
                                    

#Unicode #

Devil စံအိမ်ကြီးရဲ့ အခန်းတစ်ခုဝယ် မီးရောင်ဖျဖျသာထွန်းထားပြီး ဆိုဖာပေါ်မှာ မလှုပ်မယှက်နဲ့ ဝိုင်ခွက်ကို ကိုင်ကာ တစ်နေရာကိုစူးစိုက်ကြည့်နေတဲ့သူ...

ရုပ်အသွင်က တည်ငြိမ်ပေမဲ့ အခန်းထဲမှာ ပျံ့နှံ့နေတဲ့ ခပ်ပြင်းပြင်း သစ်မွှေးရနံ့က ထိုလူရဲ့ ဒေါသကိုဖော်ပြနေသည်။True blood alpha ဖြစ်တဲ့ သူတို့တောင် ထိုရနံ့ကြောင့် ဒူးတွေ ခွေကျလုမတတ် ဖြစ်နေတာ အိုမီဂါ တစ်ယောက်ဆို မူးမေ့လဲနိုင်လောက်တဲ့အထိ pheromones က ပြင်းအားကောင်း၏။ထိုရနံ့က အလွန်ရှားပြီး အင်အားကြီး alpha တစ်ယောက်မှာသာတွေ့ရတဲ့ ရှားပါးသစ်မွှေးရနံ့ပင်...

ရေပြင်လို တည်ငြိမ်နေတဲ့ မျက်ဝန်းတွေထဲက ကြောက်ဖို့ကောင်းနေပြီး တိတ်ဆိတ်နေခြင်းက ကြောက်စရာဖြစ်ရပ်တစ်ခုကို ဖန်တီးတော့မည့် အရိပ်အယောင်...

" အခြေနေ! "

အခန်းထဲ ဟိန်းထွက်လာတဲ့ ဩရှရှ အသံက နားထောင်ရမဆိုးဘဲ တည်ငြိမ်ကာ မာန်အားကောင်းသည့်အသံမျိုးပင်..တိတ်ဆိတ်မှုကို ဖြိုခွဲ လိုက်သည့်ထိုအသံကြောင့် ကျန်တဲ့ သုံးယောက်မှာ လှုပ်လှုပ်ရွရွဖြစ်သွား၏။

" သခင်ကြီး ပြောတဲ့ အတိုင်းမျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်..ပြီးတော့ Lion gangက အခုတစ်ပတ်အတွင်းမှာ တရုတ်ပြည်မှာ အဖြူ ရောင်းဝယ်မှု ပါတယ်.."

ညာလက်ရုံး RM က MacBook ကိုကြည့်ပြီးပြောတော့ သခင်ကြီးက ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေ၏။

" Suga! "

သခင့်ကြီးထံက နာမည်ခေါ်ခြင်းခံလိုက်ရတာကြောင့် အလိုလိုကျောမတ်ပြီး အသင့်အနေထားပြောင်းလိုက်သည်။

" ဟုတ်ကဲ့ သခင်ကြီး~ "

" ငါ နောက်တစ်ပတ်အတွင်းမှာ အမှောင်လောကက Lion gang ဖြိုကွဲခံလိုက်ရတဲ့ သတင်းကြားချင်တယ်..နားလည်တယ်မလား.."

ဝိုင်ခွက်ကို လက်ဖြင့်မွေ့ရမ်းပြီး တစ်လုံးချင်းအေးဆေးစွာပြောလာတဲ့ သခင်ကြီးပုံရိပ်က တည်တည်ငြိမ်ငြိမ်ပင်...အေးလေ...ဒါက သွေးအေး၊ရက်စက်ပြီးကြောက်ဖို့ကောင်းတဲ့ GT gang ရဲ့ mafia ခေါင်းဆောင် V ရဲ့ ပုံစံ အမှန်ဘဲလေ..ဘယ်လောက်ဒေါသထွက်ထွက် pheromones ပြင်းပြင်းထုတ်သည်ကလွှဲလို့ ကျန်တဲ့ ကိစ္စများကို သွေးအေးစွာ ဖန်တီးတတ်၏။

A Lover of Mafia ( Complete )Where stories live. Discover now